Pages

Saturday, November 12, 2011


အနက်ရောင်ဗီးနပ်စ်ရဲ. ညနေခင်း


ချစ်သူက ညနေခင်းတစ်ခုကို ပန်းချီးကားတစ်ခု အဖြစ်ဖန်းတီးပေးခဲ.ပါတယ်။အဲဒီပန်းချီကားက အနက်ရောင်ဗီးနပ်စ်ရဲ. ညနေခင်းပုံလေ။ပန်းပွင်.လေးတွေ လမ်းလျှောက်တာကို ကိုမယုံခဲ.ဘူး။ဒါပေမဲ. အဲဒီညနေခင်းမှာ ပန်းပွင်.လေး လမ်းလျှောက်တာကို တွေးခဲ.ရတယ်။လေပြေလေညှင်းလေးတွေရဲ. တိုးဝေ.သံနဲ.အတူ ချစ်သူရဲ.စကားသံကို ကြားယောင်မိတယ်။လေပြေညှင်းလေးတွေက စကားပြောတတ်မှန်းသိခဲ.ရတယ်။ လေညှင်းလေးတွေ ချစ်သူကို တိုးဝေ.သွားမှာကို စိုးရိမ်ခဲ.မိတယ်လေ။ အထူးသဖြင်.ချစ်သူရဲ.ပါးပြင် ကို လေညှင်းလေးတွေ ထိခိုက်သွားမှာကိုပင် မနာလို ဖြစ်နေမိတယ်။ လေညှင်းလေးတွေရယ် ကိုသိပ်မြတ်နိုးရတဲ. ပါးပြင် လေးတွေကို တိုးဝေ.မကြည်စယ်ပါနဲ.လား။
ချစ်သူရဲ.ယိမ်းနွဲ.နေတဲ.ကိုဟန် ခမ်းနားလှတဲ. ခြေလှမ်းတိုင်းက ကုဋေတသန်းတန်တဲ.အခြားခြေလှမ်းတွေကို အနိုင်ယူစေပါတယ်။ ဒီညနေခင်းကို အခြားအလှတွေဖြစ်တဲ. ဆည်းဆာနေရောင်, ကျေးငှက်တွေ အိမ်ပြန်တေးသံတွေ ထက် ချစ်သူရဲ.အလှက လွှမ်းမိုးခြယ်လှယ်ထားပါတယ်။ ချစ်သူရဲ. ဆံသားတွေရဲ.နူညံ.မှုက ပိုသားတွေရဲ. နူးညံ.ခြင်းထက်ပိုပါတယ်။ ချစ်သူရဲ. ဆံသားလေးတွေ ၀ဲသွားတဲ.ဟန်က ဒေါင်းမလေးတွေ တောင်ပံခတ် ဟန်ထက် ပိုပီ ညှင်သာပါတယ်။ ချစ်သူရဲ.မျက်ဝန်းတွေက ရွေသမင်တွေရဲ. မျက်ဝန်းထက် ပိုပီ ချစ်စဖွယ် တောက်ပနေပါတယ်။ ချစ်သူရဲ.မျက်စောင်းက ကိုတွက်တော. အရားအားလုံးကို အရှုံးပေးစေပါတယ်။ချစ်သူရဲ. ကောက်ကြောင်းက ဒီခေတ် ဂီတာတွေ ထက်ပိုပီ အနုပညာဆန်ပါတယ်။ ချစ်သူရဲ.အသားအရည်က ၀င်းမှည်.နေတဲ. ပန်းသီးရဲ.အတွင်းပိုင်း အရောင်ပါ။ချစ်သူရဲ. အသားအရေက ညနေဆည်းဆာရဲ. နေရောင်ကို မှေးမှိန်စေပါတယ်။
ချစ်သူရဲ.အပြုံးက ညနေဆည်းဆာကို လင်းလက်စေပါတယ်။ တောက်ပစေပါတယ်။ ပိုပီလှပစေပါတယ်။ချစ်သူညနေဆည်းဆာမှာ ရှိနေခြင်းက ညနေခင်းကို ပိုပီအဓိပ္ပာယ်ရှိစေပါတယ်။ပိုပီး ပြည်စုံတဲ. အလှတစ်ခုကို ညနေခင်း သို.ပေါင်းထည်.ခြင်းကို ဖြစ်စေပါတယ်။ချစ်သူရဲ. ခြေလှမ်းတိုင်းက ကိုနှလုံးသားပေါ်ကို ဖြတ်လျှောက်သွားသလို ရင်ခုန်သံကို ဖြစ်စေပါတယ်။အရာအားလုံးတိတ်ဆိတ်မှုကကိုရဲ.နှလုံးလုံးခုန်သံ ကို ကျယ်လောင်စေပါတယ်။ နောက်ထပ်အလှတရားတွေ မလိုအပ်လောက်အောင်ပြည်.စုံနေတဲ. ချစ်သူ။အရင်ကထက် ပိုပီချစ်စရာကောင်းတဲ. အလှတွေနဲ. ချစ်သူ။ကိုကလဲ အရင်ကထက်ပိုပီချစ်ပါတယ်။ ချစ်သူရဲ. ပါးဖောင်းဖောင်းလေးတွေ ကိုချစ်တယ်။ ချစ်သူရဲ.ရွေသမင်မျက်လုံး လေးတွေကိုလဲ ချစ်တယ်။ ချစ်သူရဲ.လမ်းလျှောက်ဟန်ကိုလဲ ချစ်တယ်။ ချစ်သူရဲ.အပြုံးကိုလဲ ချစ်တယ်။ ချစ်သူရဲ. စကားသံတွေကို လဲ ချစ်တယ်။
ညနေခင်းမှာ ချစ်သူကို မြင်စေမှုက အရာအားလုံးကို မမြင်စေမှုကို ဖြစ်စေပါတယ်။ ချစ်သူကို မြင်နေတဲ. အခိုက်မှာ ကိုနှလုံးသားက ခုန်နေလားမခုန်လား မသိခဲ.ပါဘူး။ အဲဒီအခိုက်မှာ အရာအားလုံး နဲ.ကင်းကွာနေခဲ.ပါတယ်။ကိုရဲ.ရပ်တည်မှုတွေကို ချစ်သူပိုင်တာကို နားလည်ခဲ.တယ်။ချစ်သူပိုင်တဲ. ကို ရဲ.ရပ်တည်မှုဖြစ်နေချိန်မှာ ကိုရဲ.ပျော်ရွင်မှုပါ။ချစ်သူမပိုင်တဲ. ကိုရဲ.ရပ်တည်မှုက ကိုရဲ. ၀မ်းနည်းလွမ်းဆွတ်မှုပါ။ ကိုရဲ. ၀မ်းနည်းလွမ်းဆွတ်မှုတွေကို အဆုံးသတ်ခွင်.ပေးပါချစ်သူ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.