ကော်ဖီချစ်သူများသို့ (mmDailyNews ၏ အပုဒ် ၆၀၀ မြောက် အမှတ်တရ ဆောင်းပါး)
နိုးနေကျအချိန်၌ ပုံမှန်နိုးလာမြဲ အတိုင်း သူနိုးလာခဲ့သည်။ ခြံထဲက
မိုးမခပင်၏ အရွက်စိမ်းသွယ်သွယ်များ ပေါ်တွင် လင်းပွင့်နေသည့် နေခြည်နုကို
ပြတင်းတံခါးမှ မြင်နေရသည်။ အပြင်ဘက် ပတ်ဝန်းကျင်မှ ငှက်တချို့အော်မြည်သံ
ကြားနေရသည့် မနက်ခင်း ဖြစ်ပါသည်။ လတ်ဆတ်သော စိတ်အလျဉ် တစ်ခုနှင့်အတူ
မျက်လုံးများ အလိုလို ပွင့်လာပြီးနောက် မနက်ခင်းရောက်ပြီ ဟူသောအသိကို
ခံစားရခြင်းသည် အတော်လေး အရသာ ရှိလှသည်ဟု သူတွေးမိသည်။
အရသာ………။ သူအရသာတစ်ခုကို တောင့်တလာမိသည်။ သိစိတ်ရှိလာသည်နှင့် တပြိုင်နက်
လိုအင်တောင့်တမှုများ ပေါ်လာသည်မှာ လူသားသဘာဝပင် ဖြစ်မည် ထင်သည်။
သူတောင့်တသော အရသာက ချက်ချင်း လျှာပေါ် ရောက်မလာသည့် အတွက် အလိုမကျမှု
သေးသေးလေး ပေါ်လာသည်။
လျှာဖျားက ထိုအလိုမကျမှုလေး ကြီးလာမှာ ကြောက်လွန်းလှသည့် သူ့စိတ်သည်
သူ့ခန္ဓာကိုယ်ကို အိပ်ရာထဲမှ မီးဖိုခန်းထဲ ခဏချင်း ရောက်သွားစေသည်။
မိနစ်ပိုင်းအတွင်း သူတောင့်တသော အရာကို သူကိုယ်တိုင် ဖျော်စပ်နိုင်ရန်
အဆင်သင့်ဖြစ်သွားသည်။ ခွက်ထဲက ကော်ဖီမှုန့်များပေါ် ရေနွေးဆူဆူ
လောင်းထည့်လိုက်ပြီး မွှေလိုက်တော့ စွဲမက်ဖွယ် သင်းပျံ့ပျံ့
ကော်ဖီနံ့ထွက်လာ၏။ တစ်ငုံချင်း အရသာခံသောက်ရင်းမှ နေသာထိုင်သာ
ရှိသွားသည်။ အခုမှ နေ့သစ်ကို သူအပြည့်အ၀ လက်ခံရရှိသွားခြင်း ဖြစ်သည်။
သူ့အတွက်တော့ မနက်ခင်းတွင် ကော်ဖီသည် နေရောင်ခြည်နီးနီး အရေးကြီးသော
အရာဖြစ်နေသည်။ အမေရိကန်နိုင်ငံသား အားလုံး၏ တစ်ဝက်ကျော်သည်
ကော်ဖီစွဲနေကြောင်း မနေ့က သတင်းတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရ၏။ အမေရိကန်လောက်
မများရင်တောင် ဒီနိုင်ငံမှာလည်း ကော်ဖီသည် ကျယ်ပြန့်သော
အစားအသောက်ဆိုင်ရာ အစဉ်အလာ တစ်ရပ် ဖြစ်နေသည်မှာ သေချာလှပေသည်။ သူ့လို
တစ်နေ့ အနည်းဆုံး ကော်ဖီ သုံးခွက်မှ မသောက်ရရင် မနေနိုင်သူတွေ
အလုပ်ထဲမှာတောင် တော်တော်များနေပေပြီ။
အရာရာတွင် ကောင်းကျိုး ဆိုးကျိုးဟူ၍ ရှိမည်သာ ဖြစ်သည်။ နေ့စဉ်
စွဲလန်းသောက်သုံး ဖြစ်နေသော ကော်ဖီများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးကို
သူတိကျသေချာစွာ သိလိုလာသည်မှာ ကြာပြီ ဖြစ်သည်။ အလုပ်များတော့ စာအုပ်တွေ၊
အင်တာနက်တွေပေါ်လည်း ရှာမဖတ်အား။
တိုက်ဆိုင်ချင်တော့ မနေ့က သူနေ့စဉ် ဖတ်နေကျ mmDailyNews ၀က်ဘ်ဆိုက်တွင်
ကော်ဖီရေရှည်စွဲသောက်ခြင်း၏ ကောင်းကျိုး ဆိုးကျိုး
သက်ရောက်မှုများအကြောင်း ဆောင်းပါး ပါလာသည်။
သိလိုစိတ် များနေသောကြောင့် မျက်နှာသစ်၊ မနက်စာ စားပြီးသည်နှင့်
ထိုဆောင်းပါးကို ဖတ်ဖြစ်ခဲ့လေသည်။
------------------------------
------------------------------ --------------------
လွန်ခဲ့သော နှစ်တစ်ထောင်ကျော် ခန့်က အီသီယိုးပီးယားနိုင်ငံသားများ သည်
ပထမဆုံး ကော်ဖီကို စားသုံးခြင်း ပြုခဲ့ကြသည်။ လန်းဆန်းနိုးကြွစေသော
အာနိသင်အတွက် အသီးနှင့် အစေ့များကို ၀ါး၍ စားသောက်ခဲ့ကြခြင်း ဖြစ်သည်။
ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ကော်ဖီစိုက်ပျိုးမှု နှင့် အမှုန့်အဖြစ်
ပြုလုပ်သောက်သုံးခြင်းကို ယီမင်နိုင်ငံတွင် စတင်ခဲ့ကြောင်း မှတ်တမ်းများ
အရ သိရသည်။ သို့သော် ၁၇ ရာစု၏ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုများနှင့်အတူ
ဥရောပ၌ ကော်ဖီဈေးကွက် စတင်ကျယ်ပြန့်လာခဲ့ပြီး ခေတ်အဆက်ဆက်
ကော်ဖီမျိုးစုံ တီထွင်ဖော်စပ်ကာ ကမ္ဘာအနှံ့သို့ နည်းအမျိုးမျိုးဖြင့်
ပျံ့နှံ့သွားခဲ့ကြောင်း ဖတ်ဖူးခဲ့သည်။
ယနေ့ကမ္ဘာတစ်ဝန်းလုံး၌ ကော်ဖီကို ကျယ်ပြန့်စွာ သောက်သုံးနေကြသလို လူဦးရေ
သန်းတစ်ထောင်နီးပါးသည် ကော်ဖီစွဲနေကြကြောင်း သိရသည်။ လူ ၆ ယောက်လျှင် ၁
ယောက်နှုန်းဟု အကြမ်းဖျဉ်း ဆိုနိုင်မည်။ ထိုမျှ လူကြိုက်များနေသော
ကော်ဖီ၏ အဆိုးအကောင်းများကို မိမိနှင့် အဆင်ပြေခြင်း ရှိမရှိ
ချိန်ထိုးတွက်ချက်နိုင်ရန် စုစည်းဖော်ပြပေးလိုက်ရပါသည်။ သို့သော်
အချုပ်ဆိုလျှင် ကော်ဖီ၏ ကောင်းကွက် ဆိုးကွက်များကို ချိန်ခွင်လျှာ
မျှကြည့်လျှင် ကောင်းကွက်က ပိုများသည်ဟု ပညာရှင်အများစုက
အဆိုပြုပါကြောင်း စကားဦး ကြိုသမ်းပါရစေ။
ကော်ဖီပုံမှန်သောက်သုံးခြင်း၏ ကောင်းကျိုးများ
(၁) ဟားဗာ့ဒ်တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင်များ၏ လူပေါင်း ၁၂၀,၀၀၀ ဦးကို
၁၈ နှစ်ကြာ စောင့်ကြည့် မှတ်တမ်းတင်ထားသော လေ့လာမှုကြီး ပြီးဆုံးသော အခါ
ရခဲ့သော ရလဒ်များအရ နေ့စဉ် ကော်ဖီ တစ်ခွက်မှ သုံးခွက်
ပုံမှန်သောက်သုံးသူများသည် လုံးဝ မသောက်သူများနှင့် ယှဉ်လျှင်
ဆီးချိုရောဂါ ဖြစ်ပွားနိုင်စွမ်း ၃၀% နီးပါး ခန့် လျော့နည်းပြီး ၆
ခွက်နှင့် အထက် သောက်သုံးသူများသည် အမျိုးသားဆိုလျှင် ၅၄% ၊
အမျိုးသမီးဆိုလျှင် ၃၀% ဆီးချိုရောဂါအန္တရာယ်မှ အတိအကျ ကင်းဝေးကြောင်း
ကောက်ချက်ချခဲ့ကြသည်။
ထိုတွေ့ရှိချက်သည် လက်ရှိ ကမ္ဘာ့နောက်ဆုံးပေါ် ရလဒ် ဖြစ်သည်။ ဤရလဒ်အရ
ကော်ဖီ များများသောက်ပါက ဆီးချိုရောဂါ ကာကွယ်နိုင်သော အာနိသင်သည်
အမျိုးသားများ၌ ပို၍ ရရှိကြောင်းလည်း တွေ့ရှိရပြန်သည်။
ထိုသို့သော အာနိသင်သည် ကော်ဖီတွင် ပါဝင်သော နိုးကြားတက်ကြွစေသည့်
အာနိသင်ရှိသော ကဖိန်းဓာတ် (Caffeine) ကြောင့် မဟုတ်ကြောင်း၊
ကဖိန်းထုတ်ထားသော Decaffeinated Coffee များတွင်လည်း ဤကောင်းကျိုးသည်
ထပ်တူ ရှိကြောင်း အဆိုပါ လေ့လာမှု၏ စာတမ်းကို ဦးဆောင်ရေးသားသူ
ဟားဗာ့ဒ်တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးကျောင်းမှ ပါမောက္ခဒေါက်တာ
ရောဘတ်ဗန်ဒမ်က ပြောဆိုခဲ့သည်။
အာဟာရဂျာနယ် (Journal of Nutrition) ကလည်း အထက်ပါ အဆိုကို
ထောက်ခံရေးသားခဲ့ပြီး ဆီးချိုကာကွယ်သော ကော်ဖီ၏ အာနိသင်သည်
ကော်ဖီမှုန့်ထဲတွင် မများလှသော ပမာဏသာ ပါဝင်သော အခါးဓာတ် ပေးစွမ်းသည့်
အဖြူရောင်ခြယ်အမှုန့်များ၌ အများစု စုစည်းပါဝင်သော Dicinnamoylquinide
ခေါ် ဓာတုဒြပ်ပေါင်းကြောင့် ဖြစ်သည်ဟု ဖော်ပြပါရှိခဲ့သည်။
ထို့အပြင် ကော်ဖီတွင် Quinines ဓာတုဒြပ်ပေါင်းများ၊ ဗိုက်တာမင်အီးနှင့်
အုပ်စုဝင် ဒြပ်ပေါင်းများ၊ Chlorogenic Acid စသည်တို့ လည်း ရှိပြီး
၎င်းတို့သည် ဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီး မဂ္ဂနီစီယမ် သတ္တုဓာတ်လည်း
ကြွယ်ဝပေရာ အင်ဆူလင်ဟော်မုန်း (Insulin) ၏ စွမ်းဆောင်ရည်ကို မကျဆင်းအောင်
ထိန်းသိမ်းမြှင့်တင်ပေးသော အာနိသင်ရှိသည်ကို တွေ့ရှိရသည်။ အင်ဆူလင်သည်
သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန် ပန်ကရိယခေါ် မုန့်ချိုအိတ်မှ
ထုတ်လုပ်ပေးလိုက်သော ဟော်မုန်းဖြစ်ပြီး ဆီးချိုရောဂါ ဖြစ်ပွားရခြင်းမှာ
ထိုဟော်မုန်း၏ အာနိသင် ကျဆင်းလာခြင်းကြောင့် သွေးတွင်း သကြားဓာတ်
မြင့်တက်လာခြင်းကြောင့် ဖြစ်လေသည်။ ကော်ဖီသောက်သုံးခြင်းသည် အသက်အရွယ်
ရလာသည်နှင့်အမျှ အင်ဆူလင် အာနိသင် ကျဆင်းလာခြင်းကို တားဆီးသည့်
အာနိသင်ရှိသောကြောင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ခြင်း ဖြစ်သည်။
(၂) ကော်ဖီပုံမှန်သောက်သုံးသူများ သည် အသက်ကြီးရင့်ချိန်၌
ဦးနှောက်ပျက်စီး၍ ဖြစ်တတ်သော ခြေတုန်လက်တုန် အသိမေ့ပါကင်ဆန်ရောဂါ
(Parkinson ’s Disease) ၊ မှတ်ဥာဏ်များ တစစနှင့် လုံးဝပျောက်ဆုံးသွားသော
အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) တို့ဖြစ်နိုင်ခြေကို သိသာစွာ
လျှော့ချပေးနိုင်ကြောင်း Vanderbilt ဆေးစွဲခြင်းကုသမှုစင်တာနှင့်
ကော်ဖီလေ့လာမှု သက်မွေးပညာကျောင်း၏ ဒါရိုက်တာ ဒေါက်တာပီတာမာတင်နှင့်
ကမ္ဘာတစ်လွှား သုတေသီများက အဆိုပြုခဲ့သည်။
အမှတ်စဉ် (၁) စာပိုဒ်တွင် ဖော်ပြခဲ့ပြီးသော ဟားဗာ့ဒ်တက္ကသိုလ်၏ လေ့လာမှုအရ
ကော်ဖီ ပုံမှန်သောက်သုံးလျှင် အထက်ပါရောဂါများကို ၈၀% အထိ
ကာကွယ်ပေးနိုင်ကြောင်း၊ ဤအာနိသင်ကတော့ ကဖိန်းဓာတ်နှင့် ဆက်စပ်မှု ရှိပြီး
ကဖိန်းဓာတ် များများ နေ့စဉ် မှီဝဲလေလေ၊ ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေ
လျော့ကျလေဟု တွေ့ရှိရကြောင်း၊ ဤအာနိသင်သည် အမျိုးသမီးများအတွက် ပိုမို
အကျိုးဖြစ်ထွန်းမှု ရှိကြောင်း ပညာရှင်များက ဆိုသည်။ အဆိုပါ ရလဒ်ကို
အမေရိကန်နှင့် ဂျပန်လူမျိုး ၈၀၀၀ ကို နှစ် ၃၀ ခန့် စောင့်ကြည့် လေ့လာ
မှတ်တမ်းတင်ခဲ့ခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(၃) ကော်ဖီစွဲနေသူများသည် ကိုယ့်ကိုယ်ကို သတ်သေရန် အတွေးမျိုး
ကော်ဖီမသောက်သူများလောက် မပေါ်ကြောင်း (သောက်သူများက ပုံမှန်လူများအောက်
လျော့ပေါ်သည်ဟုသာ ဆိုလိုပြီး ကော်ဖီမသောက်သူများက ပုံမှန်ထက် ပိုပေါ်သည်ဟု
မဆိုလိုပါ)၊ တစ်နေ့နှစ်ခွက် ပုံမှန်သောက်လျှင် အူမကြီးကင်ဆာ
ဖြစ်ပွားနိုင်ခြေ ၂၅%၊ အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေ ၈၀%၊
သည်းခြေကျောက်တည်ရောဂါ ဖြစ်ပွားနိုင်ခြေ ၅၀% စီ အသီးသီး
လျှော့ချနိုင်ကြောင်း ကမ္ဘာတစ်ဝန်း လေ့လာမှုများအရ တွေ့ရှိရသည်။
(၄) စာပိုဒ် (၁)တွင် ဖော်ပြခဲ့သော Dicinnamoylquinide ဒြပ်ပေါင်းသည်
ဘိန်းနှင့် ကိုကင်းကဲ့သို့ မူးယစ်ဆေးများ၏ သက်ရောက်မှုကို လက်ခံသော
ဦးနှောက်တွင်းရှိ Opioid Receptors များကို သွားရောက် တွယ်ကပ်
ပိတ်ဆို့နိုင်သော အာနိသင် ရှိသောကြောင့် ကော်ဖီပုံမှန်သောက်သူများသည်
အဆိုပါ မူးယစ်ဆေးဝါးများကို ပုံမှန်လူများလောက် စွဲရန် မလွယ်ကြောင်း
အခြားလေ့လာမှု တစ်ခုအရ တွေ့ရှိခဲ့ရသည်။ ကော်ဖီစွဲနေလျှင် အခြားအရာများ
စွဲရန် ခဲယဉ်းသော သဘောဟု ပညာရှင်များက သုံးသပ်ကြသည်။
(၅) ကော်ဖီထဲတွင် ပါဝင်သော Trigonelline ဆိုသော ဒြပ်ပေါင်းသည် ကော်ဖီ၏
ခါးသောအရသာနှင့် မွှေးပျံ့သော ရနံ့ကို အထောက်အပံ့ပြုပြီး သွားများ၏
ကြွေလွှာပေါ်တွင် ဘက်တီးရီးယားများ ကပ်ငြိခြင်းနှင့် ပေါက်ပွားခြင်း
နှစ်မျိုးစလုံးကို တားမြစ်နိုင်သော သတ္တိရှိသောကြောင့်
သွားပိုးစားအခေါင်းပေါက်များ ဖြစ်ခြင်းနှင့် ခံတွင်းအနံ့ဆိုးခြင်းကို
အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်ဟု အချို့သုတေသီများက ဆိုသည်။
(၆) ကော်ဖီသည် ဦးနှောက်အတွင်းမှ စိတ်ဓာတ်ကျခြင်းကို
ဖယ်ရှားတားမြစ်နိုင်သော ဒိုပါမင်း (Dopamine) ဟူသော ပစ္စည်းများကို
ထွက်စေသောကြောင့် လူ့စိတ်ကို အပေါင်းလက္ခဏာဆန်သော အကောင်းမြင်သော
အနေအထားတွင် ရှိနေစေရန် အတိုင်းအတာ တစ်ခုအထိ စွမ်းနိုင်သလို ဦးနှောက်ကို
ရွှင်လန်းစေသော အာနိသင်လည်း ၄င်း၏ ရနံ့တွင် ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် ကော်ဖီသောက်လျှင် အနံ့ကို သေချာရှူရှိုက်၍ သောက်သုံးလျှင်
ပို၍ အကျိုးရှိစေမည် ဖြစ်သည်။
(၇) ကပ်ပ်ချီနို ကော်ဖီ (Cappuccino) ထဲတွင် ပါဝင်သော
အမြှုပ်များတွင်လူ့ခန္ဓာကိုယ်အတွ က် အရေးပါသော ဗိုက်တာမင်များနှင့်
ဇင့်နှင့် ဆယ်လီနီယမ်ကဲ့သို့ သတ္တုဓာတ်များ ကြွယ်ဝသော Almond ကဲ့သို့သော
အခွံမာသီးအဆန်များ၊ ချောကလက်အမှုန့်များ ပါဝင်ပြီး မော့ခါးကော်ဖီ (Mocha)
သည် ချောကလက်ပါဝင်မှု များပြားသောကြောင့် အဆိုပါ ကော်ဖီများသည်
အခြားကော်ဖီများထက် ပိုမို၍ အာဟာရတန်ဖိုးမြင့်သော ကော်ဖီများ ဖြစ်သည်ဟု
ဆိုနိုင်ပေမည်။
ကော်ဖီပုံမှန်သောက်သုံးခြင်း၏ ဆိုးကျိုးများ
(၁) အားလုံးသိကြသည့် အတိုင်းပင် ကော်ဖီသည် လူတစ်ဦးချင်းစီ၏ ခံနိုင်ရည်
ပမာဏထက် အနည်းငယ် ကျော်လွန်အောင် သောက်သုံးမိလျှင် ရင်တုန်ခြင်း
ခံစားရမည် ဖြစ်သည်။ စိတ်သောက ရှိနေချိန် စိတ်လှုပ်ရှားနေချိန်၌
စိတ်ငြိမ်အောင် ကော်ဖီက လုပ်မပေးနိုင်သလို စိတ်လှုပ်ရှားမှုကို
မီးထိုးပေးနိုင်ပြီး စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်နေသလို
ကော်ဖီကြောင့် ထပ်ဆင့်ရင်တုန်၍ စိတ်မတည်မငြိမ် ဖြစ်နေမှုကို
ပိုဆိုးစေသည်။(ကော်ဖီစွဲနေသူမို့  ကော်ဖီတောင့်တကာ စဉ်းစားတွေးခေါ်၍
မရတော့လျှင်တော့ ကော်ဖီသောက်လိုက သောက်နိုင်သည်)
ထိုသို့ ကဖိန်း၏ အာနိသင်ကြောင့်ပင် ကော်ဖီကို သမထ (သို့)
တရားရှုမှတ်လိုသူများ၊ ယောဂကျင့်စဉ် လိုက်စားသူများ ရှောင်ကြဉ်သင့်သည်။
(ပျမ်းမျှ ပြောရလျှင် ကော်ဖီသည် ဆတူပမာဏ ရှိသော လက်ဖက်ရည်နှင့်
ကိုကာကိုလာတို့ထက် ကဖိန်းပါဝင်မှု သုံးဆကျော် ပိုများသည်)
ထို့အပြင် ကော်ဖီသည် ဆီးများစေသော အာနိသင် (Diuretic Effect) လည်း
ရှိသောကြောင့် စိတ်လှုပ်ရှားနေချိန်တွင် ပို၍ အိမ်သာခဏခဏ
သွားရစေသောတစ်ချက်ကိုလည်း သတိချပ်သင့်သည်။
(၂) ကိုယ်ဝန်ဆောင် မိခင်များ ကဖိန်းလွန်ကဲလျှင် သန္ဓေသားအပေါ် မကောင်းသော
အာနိသင်များ ရှိလာနိုင်၍ ကိုယ်ဝန်ဆောင်များ ကော်ဖီကို တော်ရုံသာ
သောက်သင့်သည်။ ထို့အပြင် ကော်ဖီသည် ခွက်ရေ များများ သောက်လျှင်
သွေးပေါင်တက်စေသော အာနိသင် ရှိလေရာ သွေးပေါင်တက်သော မိခင်လောင်းများနှင့်
သွေးတိုးရောဂါ ရှိသူများ လွန်ကဲစွာ မသောက်မိအောင် သတိပြုရှောင်ကြဉ်ရမည်
ဖြစ်လေသည်။
(၃) ကော်ဖီသောက်ခြင်းသည် ဆီးချိုရောဂါကို ကာကွယ်စေသည် ဆိုသော်လည်း
ကော်ဖီတွင် သကြား၊နို့ဆီ စသော အချိုများလည်း ပါဝင်သောကြောင့်
ကော်ဖီသက်သက်က ဆီးချိုကာကွယ်သော်လည်း အချိုအဆိမ့် လွန်ကဲစွာ
ထည့်သောက်လျှင် ဆီးချိုရောဂါအန္တရာယ် ရှိလာနိုင်ပေသည်။
(၄) ကော်ဖီသောက်လျှင် စိတ်ကျရောဂါကို ကာကွယ်သည့် အာနိသင်
ရရှိနိုင်သော်လည်း ကော်ဖီစွဲနေသူ တစ်ဦးသည် (အထူးသဖြင့် တစ်နေ့
သုံးခွက်နှင့် အထက်သောက်နေကျ သူတစ်ဦးသည်) သောက်နေကျ အချိန်ထက်
နာရီအနည်းငယ် ကျော်လွန်ကာ မသောက်ရသေးလျှင် စိတ်ရှုပ်ထွေးခြင်း၊
အလိုမကျခြင်း၊ စိတ်ဓာတ်ကျသလို ခံစားရခြင်း စသော စိတ်ခံစားမှုများ
ဖြစ်ပေါ်လာသည်ကို လေ့လာတွေ့ရှိရသည်။
(၅) Filter နဲ့ စစ်ယူထုတ်လုပ်ထားခြင်း မရှိသော ကော်ဖီ (ကော်ဖီကြမ်း)ကို
ကြို၍ ပုံမှန်သောက်လျှင် သွေးတွင်း မကောင်းသော ကိုလက်စထရော ပမာဏ
တက်လာကြောင်း စမ်းသပ်စစ်ဆေးတွေ့ရှိရသည်။ အကြောင်းရင်းမှာ ကော်ဖီတွင်း
အဆီဓာတ်ကို မဖယ်ရှားရသေးသဖြင့် ဖြစ်ပြီး ပြုပြင်ဖန်တီး၍ စစ်ယူထားသော
Filtered Coffee များတွင် ဤအာနိသင် မရှိသလောက် နည်းသွားသည်ကို တွေ့ရသည်။
(၆) ၂၀၀၆ ခုနှစ်က ထုတ်ဝေခဲ့သော အမေရိကန် နှလုံးဗေဒဆိုင်ရာ
ကောလိပ်ဂျာနယ်တွင် ကော်ဖီ၌ နှလုံးကြွက်သားများဆီသို့ သွားသော သွေးပမာဏကို
ကျဆင်းစေသော အာနိသင် ရှိသည်ကို စမ်းသပ်တွေ့ရှိရကြောင်း
ဖော်ပြပါရှိခဲ့သည်။
(၇) ကော်ဖီသည် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အကြိမ်ကြိမ် ဖျန်းပက်ရသော
သီးနှံမျိုးဖြစ်သောကြောင့် ၄င်းပစ္စည်းများ၏ ကြွင်းကျန်ရစ်သော အန္တရာယ်ကို
နှစ်ရှည်လများ သောက်သုံးသူများ ခံစားရဖွယ် ရှိသည်ဟု ပညာရှင်များက
သုံးသပ်ကြသော်လည်း ကြီးမားသော အထောက်အထားတော့ ယနေ့အထိ မတွေ့ရသေးပါ။
သဘာဝနည်းဖြင့် စိုက်ပျိုးသော အော်ဂဲနစ်ကော်ဖီ သောက်သုံးနိုင်လျှင်တော့
အကောင်းဆုံး ဖြစ်သော်လည်း ထုတ်လုပ်စားရိတ် မြင့်ကာ ဈေးကြီးသောကြောင့်
ကမ္ဘာနှင့်ချီလျှင်ပင် မတွင်ကျယ်သေးပါ။
(၈) ကော်ဖီသည် ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို မြန်ဆန်စေသောကြောင့်
ကယ်လိုရီ လောင်ကျွမ်းမှုကို အားပေးပြီး အချို့လူများကို ပိန်စေသော်လည်း
အချို့သူများတွင် Metabolism မြန်လာသည်နှင့် အမျှ အစာ ခုံမင်မှု၊ ခဏခဏ
စားချင်စိတ် စသည်တို့ပါ တိုးပွားလာသလို ကော်ဖီထဲတွင် ပါဝင်သော နို့၊
သကြား စသည်တို့သည်လည်း ကယ်လိုရီမြင့်သော ပစ္စည်းများ ဖြစ်လေရာ
အချို့သူများကတော့ ကော်ဖီသောက်လေ ၀လေ ဖြစ်တတ်သည်ကိုလည်း တွေ့ရသည်။
(၉) ကော်ဖီကို လွန်ကဲစွာ သောက်လျှင် အထူးသဖြင့် အိပ်ချိန်နှင့် အနည်းဆုံး
လေးငါးနာရီမခြားဘဲ သောက်လျှင် အိပ်၍ တော်တော်နှင့် မပျော်ခြင်း
ဖြစ်တတ်သည်။ ကော်ဖီစွဲသူများကတော့ ၄င်းတို့က ခံနိုင်ရည်ရှိကာ
အိပ်၍ပျော်ကြောင်း ပြောဆိုလေ့ရှိသော်လည်း တကယ်တမ်းတော့ ၄င်းတို့
အိပ်ပျော်နေစဉ် ဦးနှောက်ကအိပ်ပျော်နေစဉ် ရှိရမည့် ပုံမှန်အနေအထားထက်
နိုးကြားနေ၍ ပြည့်ပြည့်၀၀ အိပ်ရေးဝခြင်း မရှိကြောင်း လေ့လာမှုများ အရ
သိရသည်။ ထိုဖြစ်ရပ်သည် အိပ်ချိန်နည်းသူများတွင် ပို၍ သိသာပြီး
အိပ်ရေးမ၀သောဒဏ်ကို ရက်အတန်ကြာအထိ ခံရလေ့ရှိကြောင်းပါ တွေ့ရှိရသည်။
နိုးနေကျအချိန်၌ ပုံမှန်နိုးလာမြဲ အတိုင်း သူနိုးလာခဲ့သည်။ ခြံထဲက
မိုးမခပင်၏ အရွက်စိမ်းသွယ်သွယ်များ ပေါ်တွင် လင်းပွင့်နေသည့် နေခြည်နုကို
ပြတင်းတံခါးမှ မြင်နေရသည်။ အပြင်ဘက် ပတ်ဝန်းကျင်မှ ငှက်တချို့အော်မြည်သံ
ကြားနေရသည့် မနက်ခင်း ဖြစ်ပါသည်။ လတ်ဆတ်သော စိတ်အလျဉ် တစ်ခုနှင့်အတူ
မျက်လုံးများ အလိုလို ပွင့်လာပြီးနောက် မနက်ခင်းရောက်ပြီ ဟူသောအသိကို
ခံစားရခြင်းသည် အတော်လေး အရသာ ရှိလှသည်ဟု သူတွေးမိသည်။
အရသာ………။ သူအရသာတစ်ခုကို တောင့်တလာမိသည်။ သိစိတ်ရှိလာသည်နှင့် တပြိုင်နက်
လိုအင်တောင့်တမှုများ ပေါ်လာသည်မှာ လူသားသဘာဝပင် ဖြစ်မည် ထင်သည်။
သူတောင့်တသော အရသာက ချက်ချင်း လျှာပေါ် ရောက်မလာသည့် အတွက် အလိုမကျမှု
သေးသေးလေး ပေါ်လာသည်။
လျှာဖျားက ထိုအလိုမကျမှုလေး ကြီးလာမှာ ကြောက်လွန်းလှသည့် သူ့စိတ်သည်
သူ့ခန္ဓာကိုယ်ကို အိပ်ရာထဲမှ မီးဖိုခန်းထဲ ခဏချင်း ရောက်သွားစေသည်။
မိနစ်ပိုင်းအတွင်း သူတောင့်တသော အရာကို သူကိုယ်တိုင် ဖျော်စပ်နိုင်ရန်
အဆင်သင့်ဖြစ်သွားသည်။ ခွက်ထဲက ကော်ဖီမှုန့်များပေါ် ရေနွေးဆူဆူ
လောင်းထည့်လိုက်ပြီး မွှေလိုက်တော့ စွဲမက်ဖွယ် သင်းပျံ့ပျံ့
ကော်ဖီနံ့ထွက်လာ၏။ တစ်ငုံချင်း အရသာခံသောက်ရင်းမှ နေသာထိုင်သာ
ရှိသွားသည်။ အခုမှ နေ့သစ်ကို သူအပြည့်အ၀ လက်ခံရရှိသွားခြင်း ဖြစ်သည်။
သူ့အတွက်တော့ မနက်ခင်းတွင် ကော်ဖီသည် နေရောင်ခြည်နီးနီး အရေးကြီးသော
အရာဖြစ်နေသည်။ အမေရိကန်နိုင်ငံသား အားလုံး၏ တစ်ဝက်ကျော်သည်
ကော်ဖီစွဲနေကြောင်း မနေ့က သတင်းတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရ၏။ အမေရိကန်လောက်
မများရင်တောင် ဒီနိုင်ငံမှာလည်း ကော်ဖီသည် ကျယ်ပြန့်သော
အစားအသောက်ဆိုင်ရာ အစဉ်အလာ တစ်ရပ် ဖြစ်နေသည်မှာ သေချာလှပေသည်။ သူ့လို
တစ်နေ့ အနည်းဆုံး ကော်ဖီ သုံးခွက်မှ မသောက်ရရင် မနေနိုင်သူတွေ
အလုပ်ထဲမှာတောင် တော်တော်များနေပေပြီ။
အရာရာတွင် ကောင်းကျိုး ဆိုးကျိုးဟူ၍ ရှိမည်သာ ဖြစ်သည်။ နေ့စဉ်
စွဲလန်းသောက်သုံး ဖြစ်နေသော ကော်ဖီများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးကို
သူတိကျသေချာစွာ သိလိုလာသည်မှာ ကြာပြီ ဖြစ်သည်။ အလုပ်များတော့ စာအုပ်တွေ၊
အင်တာနက်တွေပေါ်လည်း ရှာမဖတ်အား။
တိုက်ဆိုင်ချင်တော့ မနေ့က သူနေ့စဉ် ဖတ်နေကျ mmDailyNews ၀က်ဘ်ဆိုက်တွင်
ကော်ဖီရေရှည်စွဲသောက်ခြင်း၏ ကောင်းကျိုး ဆိုးကျိုး
သက်ရောက်မှုများအကြောင်း ဆောင်းပါး ပါလာသည်။
သိလိုစိတ် များနေသောကြောင့် မျက်နှာသစ်၊ မနက်စာ စားပြီးသည်နှင့်
ထိုဆောင်းပါးကို ဖတ်ဖြစ်ခဲ့လေသည်။
------------------------------
လွန်ခဲ့သော နှစ်တစ်ထောင်ကျော် ခန့်က အီသီယိုးပီးယားနိုင်ငံသားများ
ပထမဆုံး ကော်ဖီကို စားသုံးခြင်း ပြုခဲ့ကြသည်။ လန်းဆန်းနိုးကြွစေသော
အာနိသင်အတွက် အသီးနှင့် အစေ့များကို ၀ါး၍ စားသောက်ခဲ့ကြခြင်း ဖြစ်သည်။
ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ကော်ဖီစိုက်ပျိုးမှု နှင့် အမှုန့်အဖြစ်
ပြုလုပ်သောက်သုံးခြင်းကို ယီမင်နိုင်ငံတွင် စတင်ခဲ့ကြောင်း မှတ်တမ်းများ
အရ သိရသည်။ သို့သော် ၁၇ ရာစု၏ ကုန်သွယ်ရေး ဖွံ့ဖြိုးမှုများနှင့်အတူ
ဥရောပ၌ ကော်ဖီဈေးကွက် စတင်ကျယ်ပြန့်လာခဲ့ပြီး ခေတ်အဆက်ဆက်
ကော်ဖီမျိုးစုံ တီထွင်ဖော်စပ်ကာ ကမ္ဘာအနှံ့သို့ နည်းအမျိုးမျိုးဖြင့်
ပျံ့နှံ့သွားခဲ့ကြောင်း ဖတ်ဖူးခဲ့သည်။
ယနေ့ကမ္ဘာတစ်ဝန်းလုံး၌ ကော်ဖီကို ကျယ်ပြန့်စွာ သောက်သုံးနေကြသလို လူဦးရေ
သန်းတစ်ထောင်နီးပါးသည် ကော်ဖီစွဲနေကြကြောင်း သိရသည်။ လူ ၆ ယောက်လျှင် ၁
ယောက်နှုန်းဟု အကြမ်းဖျဉ်း ဆိုနိုင်မည်။ ထိုမျှ လူကြိုက်များနေသော
ကော်ဖီ၏ အဆိုးအကောင်းများကို မိမိနှင့် အဆင်ပြေခြင်း ရှိမရှိ
ချိန်ထိုးတွက်ချက်နိုင်ရန် စုစည်းဖော်ပြပေးလိုက်ရပါသည်။ သို့သော်
အချုပ်ဆိုလျှင် ကော်ဖီ၏ ကောင်းကွက် ဆိုးကွက်များကို ချိန်ခွင်လျှာ
မျှကြည့်လျှင် ကောင်းကွက်က ပိုများသည်ဟု ပညာရှင်အများစုက
အဆိုပြုပါကြောင်း စကားဦး ကြိုသမ်းပါရစေ။
ကော်ဖီပုံမှန်သောက်သုံးခြင်း၏ ကောင်းကျိုးများ
(၁) ဟားဗာ့ဒ်တက္ကသိုလ်မှ ကျန်းမာရေး ပညာရှင်များ၏ လူပေါင်း ၁၂၀,၀၀၀ ဦးကို
၁၈ နှစ်ကြာ စောင့်ကြည့် မှတ်တမ်းတင်ထားသော လေ့လာမှုကြီး ပြီးဆုံးသော အခါ
ရခဲ့သော ရလဒ်များအရ နေ့စဉ် ကော်ဖီ တစ်ခွက်မှ သုံးခွက်
ပုံမှန်သောက်သုံးသူများသည် လုံးဝ မသောက်သူများနှင့် ယှဉ်လျှင်
ဆီးချိုရောဂါ ဖြစ်ပွားနိုင်စွမ်း ၃၀% နီးပါး ခန့် လျော့နည်းပြီး ၆
ခွက်နှင့် အထက် သောက်သုံးသူများသည် အမျိုးသားဆိုလျှင် ၅၄% ၊
အမျိုးသမီးဆိုလျှင် ၃၀% ဆီးချိုရောဂါအန္တရာယ်မှ အတိအကျ ကင်းဝေးကြောင်း
ကောက်ချက်ချခဲ့ကြသည်။
ထိုတွေ့ရှိချက်သည် လက်ရှိ ကမ္ဘာ့နောက်ဆုံးပေါ် ရလဒ် ဖြစ်သည်။ ဤရလဒ်အရ
ကော်ဖီ များများသောက်ပါက ဆီးချိုရောဂါ ကာကွယ်နိုင်သော အာနိသင်သည်
အမျိုးသားများ၌ ပို၍ ရရှိကြောင်းလည်း တွေ့ရှိရပြန်သည်။
ထိုသို့သော အာနိသင်သည် ကော်ဖီတွင် ပါဝင်သော နိုးကြားတက်ကြွစေသည့်
အာနိသင်ရှိသော ကဖိန်းဓာတ် (Caffeine) ကြောင့် မဟုတ်ကြောင်း၊
ကဖိန်းထုတ်ထားသော Decaffeinated Coffee များတွင်လည်း ဤကောင်းကျိုးသည်
ထပ်တူ ရှိကြောင်း အဆိုပါ လေ့လာမှု၏ စာတမ်းကို ဦးဆောင်ရေးသားသူ
ဟားဗာ့ဒ်တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးကျောင်းမှ ပါမောက္ခဒေါက်တာ
ရောဘတ်ဗန်ဒမ်က ပြောဆိုခဲ့သည်။
အာဟာရဂျာနယ် (Journal of Nutrition) ကလည်း အထက်ပါ အဆိုကို
ထောက်ခံရေးသားခဲ့ပြီး ဆီးချိုကာကွယ်သော ကော်ဖီ၏ အာနိသင်သည်
ကော်ဖီမှုန့်ထဲတွင် မများလှသော ပမာဏသာ ပါဝင်သော အခါးဓာတ် ပေးစွမ်းသည့်
အဖြူရောင်ခြယ်အမှုန့်များ၌ အများစု စုစည်းပါဝင်သော Dicinnamoylquinide
ခေါ် ဓာတုဒြပ်ပေါင်းကြောင့် ဖြစ်သည်ဟု ဖော်ပြပါရှိခဲ့သည်။
ထို့အပြင် ကော်ဖီတွင် Quinines ဓာတုဒြပ်ပေါင်းများ၊ ဗိုက်တာမင်အီးနှင့်
အုပ်စုဝင် ဒြပ်ပေါင်းများ၊ Chlorogenic Acid စသည်တို့ လည်း ရှိပြီး
၎င်းတို့သည် ဓာတ်တိုးဆန့်ကျင်သတ္တိရှိပြီး မဂ္ဂနီစီယမ် သတ္တုဓာတ်လည်း
ကြွယ်ဝပေရာ အင်ဆူလင်ဟော်မုန်း (Insulin) ၏ စွမ်းဆောင်ရည်ကို မကျဆင်းအောင်
ထိန်းသိမ်းမြှင့်တင်ပေးသော အာနိသင်ရှိသည်ကို တွေ့ရှိရသည်။ အင်ဆူလင်သည်
သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန် ပန်ကရိယခေါ် မုန့်ချိုအိတ်မှ
ထုတ်လုပ်ပေးလိုက်သော ဟော်မုန်းဖြစ်ပြီး ဆီးချိုရောဂါ ဖြစ်ပွားရခြင်းမှာ
ထိုဟော်မုန်း၏ အာနိသင် ကျဆင်းလာခြင်းကြောင့် သွေးတွင်း သကြားဓာတ်
မြင့်တက်လာခြင်းကြောင့် ဖြစ်လေသည်။ ကော်ဖီသောက်သုံးခြင်းသည် အသက်အရွယ်
ရလာသည်နှင့်အမျှ အင်ဆူလင် အာနိသင် ကျဆင်းလာခြင်းကို တားဆီးသည့်
အာနိသင်ရှိသောကြောင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ခြင်း ဖြစ်သည်။
(၂) ကော်ဖီပုံမှန်သောက်သုံးသူများ
ဦးနှောက်ပျက်စီး၍ ဖြစ်တတ်သော ခြေတုန်လက်တုန် အသိမေ့ပါကင်ဆန်ရောဂါ
(Parkinson ’s Disease) ၊ မှတ်ဥာဏ်များ တစစနှင့် လုံးဝပျောက်ဆုံးသွားသော
အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) တို့ဖြစ်နိုင်ခြေကို သိသာစွာ
လျှော့ချပေးနိုင်ကြောင်း Vanderbilt ဆေးစွဲခြင်းကုသမှုစင်တာနှင့်
ကော်ဖီလေ့လာမှု သက်မွေးပညာကျောင်း၏ ဒါရိုက်တာ ဒေါက်တာပီတာမာတင်နှင့်
ကမ္ဘာတစ်လွှား သုတေသီများက အဆိုပြုခဲ့သည်။
အမှတ်စဉ် (၁) စာပိုဒ်တွင် ဖော်ပြခဲ့ပြီးသော ဟားဗာ့ဒ်တက္ကသိုလ်၏ လေ့လာမှုအရ
ကော်ဖီ ပုံမှန်သောက်သုံးလျှင် အထက်ပါရောဂါများကို ၈၀% အထိ
ကာကွယ်ပေးနိုင်ကြောင်း၊ ဤအာနိသင်ကတော့ ကဖိန်းဓာတ်နှင့် ဆက်စပ်မှု ရှိပြီး
ကဖိန်းဓာတ် များများ နေ့စဉ် မှီဝဲလေလေ၊ ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေ
လျော့ကျလေဟု တွေ့ရှိရကြောင်း၊ ဤအာနိသင်သည် အမျိုးသမီးများအတွက် ပိုမို
အကျိုးဖြစ်ထွန်းမှု ရှိကြောင်း ပညာရှင်များက ဆိုသည်။ အဆိုပါ ရလဒ်ကို
အမေရိကန်နှင့် ဂျပန်လူမျိုး ၈၀၀၀ ကို နှစ် ၃၀ ခန့် စောင့်ကြည့် လေ့လာ
မှတ်တမ်းတင်ခဲ့ခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(၃) ကော်ဖီစွဲနေသူများသည် ကိုယ့်ကိုယ်ကို သတ်သေရန် အတွေးမျိုး
ကော်ဖီမသောက်သူများလောက် မပေါ်ကြောင်း (သောက်သူများက ပုံမှန်လူများအောက်
လျော့ပေါ်သည်ဟုသာ ဆိုလိုပြီး ကော်ဖီမသောက်သူများက ပုံမှန်ထက် ပိုပေါ်သည်ဟု
မဆိုလိုပါ)၊ တစ်နေ့နှစ်ခွက် ပုံမှန်သောက်လျှင် အူမကြီးကင်ဆာ
ဖြစ်ပွားနိုင်ခြေ ၂၅%၊ အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေ ၈၀%၊
သည်းခြေကျောက်တည်ရောဂါ ဖြစ်ပွားနိုင်ခြေ ၅၀% စီ အသီးသီး
လျှော့ချနိုင်ကြောင်း ကမ္ဘာတစ်ဝန်း လေ့လာမှုများအရ တွေ့ရှိရသည်။
(၄) စာပိုဒ် (၁)တွင် ဖော်ပြခဲ့သော Dicinnamoylquinide ဒြပ်ပေါင်းသည်
ဘိန်းနှင့် ကိုကင်းကဲ့သို့ မူးယစ်ဆေးများ၏ သက်ရောက်မှုကို လက်ခံသော
ဦးနှောက်တွင်းရှိ Opioid Receptors များကို သွားရောက် တွယ်ကပ်
ပိတ်ဆို့နိုင်သော အာနိသင် ရှိသောကြောင့် ကော်ဖီပုံမှန်သောက်သူများသည်
အဆိုပါ မူးယစ်ဆေးဝါးများကို ပုံမှန်လူများလောက် စွဲရန် မလွယ်ကြောင်း
အခြားလေ့လာမှု တစ်ခုအရ တွေ့ရှိခဲ့ရသည်။ ကော်ဖီစွဲနေလျှင် အခြားအရာများ
စွဲရန် ခဲယဉ်းသော သဘောဟု ပညာရှင်များက သုံးသပ်ကြသည်။
(၅) ကော်ဖီထဲတွင် ပါဝင်သော Trigonelline ဆိုသော ဒြပ်ပေါင်းသည် ကော်ဖီ၏
ခါးသောအရသာနှင့် မွှေးပျံ့သော ရနံ့ကို အထောက်အပံ့ပြုပြီး သွားများ၏
ကြွေလွှာပေါ်တွင် ဘက်တီးရီးယားများ ကပ်ငြိခြင်းနှင့် ပေါက်ပွားခြင်း
နှစ်မျိုးစလုံးကို တားမြစ်နိုင်သော သတ္တိရှိသောကြောင့်
သွားပိုးစားအခေါင်းပေါက်များ ဖြစ်ခြင်းနှင့် ခံတွင်းအနံ့ဆိုးခြင်းကို
အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်ဟု အချို့သုတေသီများက ဆိုသည်။
(၆) ကော်ဖီသည် ဦးနှောက်အတွင်းမှ စိတ်ဓာတ်ကျခြင်းကို
ဖယ်ရှားတားမြစ်နိုင်သော ဒိုပါမင်း (Dopamine) ဟူသော ပစ္စည်းများကို
ထွက်စေသောကြောင့် လူ့စိတ်ကို အပေါင်းလက္ခဏာဆန်သော အကောင်းမြင်သော
အနေအထားတွင် ရှိနေစေရန် အတိုင်းအတာ တစ်ခုအထိ စွမ်းနိုင်သလို ဦးနှောက်ကို
ရွှင်လန်းစေသော အာနိသင်လည်း ၄င်း၏ ရနံ့တွင် ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် ကော်ဖီသောက်လျှင် အနံ့ကို သေချာရှူရှိုက်၍ သောက်သုံးလျှင်
ပို၍ အကျိုးရှိစေမည် ဖြစ်သည်။
(၇) ကပ်ပ်ချီနို ကော်ဖီ (Cappuccino) ထဲတွင် ပါဝင်သော
အမြှုပ်များတွင်လူ့ခန္ဓာကိုယ်အတွ
ဇင့်နှင့် ဆယ်လီနီယမ်ကဲ့သို့ သတ္တုဓာတ်များ ကြွယ်ဝသော Almond ကဲ့သို့သော
အခွံမာသီးအဆန်များ၊ ချောကလက်အမှုန့်များ ပါဝင်ပြီး မော့ခါးကော်ဖီ (Mocha)
သည် ချောကလက်ပါဝင်မှု များပြားသောကြောင့် အဆိုပါ ကော်ဖီများသည်
အခြားကော်ဖီများထက် ပိုမို၍ အာဟာရတန်ဖိုးမြင့်သော ကော်ဖီများ ဖြစ်သည်ဟု
ဆိုနိုင်ပေမည်။
ကော်ဖီပုံမှန်သောက်သုံးခြင်း၏ ဆိုးကျိုးများ
(၁) အားလုံးသိကြသည့် အတိုင်းပင် ကော်ဖီသည် လူတစ်ဦးချင်းစီ၏ ခံနိုင်ရည်
ပမာဏထက် အနည်းငယ် ကျော်လွန်အောင် သောက်သုံးမိလျှင် ရင်တုန်ခြင်း
ခံစားရမည် ဖြစ်သည်။ စိတ်သောက ရှိနေချိန် စိတ်လှုပ်ရှားနေချိန်၌
စိတ်ငြိမ်အောင် ကော်ဖီက လုပ်မပေးနိုင်သလို စိတ်လှုပ်ရှားမှုကို
မီးထိုးပေးနိုင်ပြီး စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်နေသလို
ကော်ဖီကြောင့် ထပ်ဆင့်ရင်တုန်၍ စိတ်မတည်မငြိမ် ဖြစ်နေမှုကို
ပိုဆိုးစေသည်။(ကော်ဖီစွဲနေသူမို
မရတော့လျှင်တော့ ကော်ဖီသောက်လိုက သောက်နိုင်သည်)
ထိုသို့ ကဖိန်း၏ အာနိသင်ကြောင့်ပင် ကော်ဖီကို သမထ (သို့)
တရားရှုမှတ်လိုသူများ၊ ယောဂကျင့်စဉ် လိုက်စားသူများ ရှောင်ကြဉ်သင့်သည်။
(ပျမ်းမျှ ပြောရလျှင် ကော်ဖီသည် ဆတူပမာဏ ရှိသော လက်ဖက်ရည်နှင့်
ကိုကာကိုလာတို့ထက် ကဖိန်းပါဝင်မှု သုံးဆကျော် ပိုများသည်)
ထို့အပြင် ကော်ဖီသည် ဆီးများစေသော အာနိသင် (Diuretic Effect) လည်း
ရှိသောကြောင့် စိတ်လှုပ်ရှားနေချိန်တွင် ပို၍ အိမ်သာခဏခဏ
သွားရစေသောတစ်ချက်ကိုလည်း သတိချပ်သင့်သည်။
(၂) ကိုယ်ဝန်ဆောင် မိခင်များ ကဖိန်းလွန်ကဲလျှင် သန္ဓေသားအပေါ် မကောင်းသော
အာနိသင်များ ရှိလာနိုင်၍ ကိုယ်ဝန်ဆောင်များ ကော်ဖီကို တော်ရုံသာ
သောက်သင့်သည်။ ထို့အပြင် ကော်ဖီသည် ခွက်ရေ များများ သောက်လျှင်
သွေးပေါင်တက်စေသော အာနိသင် ရှိလေရာ သွေးပေါင်တက်သော မိခင်လောင်းများနှင့်
သွေးတိုးရောဂါ ရှိသူများ လွန်ကဲစွာ မသောက်မိအောင် သတိပြုရှောင်ကြဉ်ရမည်
ဖြစ်လေသည်။
(၃) ကော်ဖီသောက်ခြင်းသည် ဆီးချိုရောဂါကို ကာကွယ်စေသည် ဆိုသော်လည်း
ကော်ဖီတွင် သကြား၊နို့ဆီ စသော အချိုများလည်း ပါဝင်သောကြောင့်
ကော်ဖီသက်သက်က ဆီးချိုကာကွယ်သော်လည်း အချိုအဆိမ့် လွန်ကဲစွာ
ထည့်သောက်လျှင် ဆီးချိုရောဂါအန္တရာယ် ရှိလာနိုင်ပေသည်။
(၄) ကော်ဖီသောက်လျှင် စိတ်ကျရောဂါကို ကာကွယ်သည့် အာနိသင်
ရရှိနိုင်သော်လည်း ကော်ဖီစွဲနေသူ တစ်ဦးသည် (အထူးသဖြင့် တစ်နေ့
သုံးခွက်နှင့် အထက်သောက်နေကျ သူတစ်ဦးသည်) သောက်နေကျ အချိန်ထက်
နာရီအနည်းငယ် ကျော်လွန်ကာ မသောက်ရသေးလျှင် စိတ်ရှုပ်ထွေးခြင်း၊
အလိုမကျခြင်း၊ စိတ်ဓာတ်ကျသလို ခံစားရခြင်း စသော စိတ်ခံစားမှုများ
ဖြစ်ပေါ်လာသည်ကို လေ့လာတွေ့ရှိရသည်။
(၅) Filter နဲ့ စစ်ယူထုတ်လုပ်ထားခြင်း မရှိသော ကော်ဖီ (ကော်ဖီကြမ်း)ကို
ကြို၍ ပုံမှန်သောက်လျှင် သွေးတွင်း မကောင်းသော ကိုလက်စထရော ပမာဏ
တက်လာကြောင်း စမ်းသပ်စစ်ဆေးတွေ့ရှိရသည်။ အကြောင်းရင်းမှာ ကော်ဖီတွင်း
အဆီဓာတ်ကို မဖယ်ရှားရသေးသဖြင့် ဖြစ်ပြီး ပြုပြင်ဖန်တီး၍ စစ်ယူထားသော
Filtered Coffee များတွင် ဤအာနိသင် မရှိသလောက် နည်းသွားသည်ကို တွေ့ရသည်။
(၆) ၂၀၀၆ ခုနှစ်က ထုတ်ဝေခဲ့သော အမေရိကန် နှလုံးဗေဒဆိုင်ရာ
ကောလိပ်ဂျာနယ်တွင် ကော်ဖီ၌ နှလုံးကြွက်သားများဆီသို့ သွားသော သွေးပမာဏကို
ကျဆင်းစေသော အာနိသင် ရှိသည်ကို စမ်းသပ်တွေ့ရှိရကြောင်း
ဖော်ပြပါရှိခဲ့သည်။
(၇) ကော်ဖီသည် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အကြိမ်ကြိမ် ဖျန်းပက်ရသော
သီးနှံမျိုးဖြစ်သောကြောင့် ၄င်းပစ္စည်းများ၏ ကြွင်းကျန်ရစ်သော အန္တရာယ်ကို
နှစ်ရှည်လများ သောက်သုံးသူများ ခံစားရဖွယ် ရှိသည်ဟု ပညာရှင်များက
သုံးသပ်ကြသော်လည်း ကြီးမားသော အထောက်အထားတော့ ယနေ့အထိ မတွေ့ရသေးပါ။
သဘာဝနည်းဖြင့် စိုက်ပျိုးသော အော်ဂဲနစ်ကော်ဖီ သောက်သုံးနိုင်လျှင်တော့
အကောင်းဆုံး ဖြစ်သော်လည်း ထုတ်လုပ်စားရိတ် မြင့်ကာ ဈေးကြီးသောကြောင့်
ကမ္ဘာနှင့်ချီလျှင်ပင် မတွင်ကျယ်သေးပါ။
(၈) ကော်ဖီသည် ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို မြန်ဆန်စေသောကြောင့်
ကယ်လိုရီ လောင်ကျွမ်းမှုကို အားပေးပြီး အချို့လူများကို ပိန်စေသော်လည်း
အချို့သူများတွင် Metabolism မြန်လာသည်နှင့် အမျှ အစာ ခုံမင်မှု၊ ခဏခဏ
စားချင်စိတ် စသည်တို့ပါ တိုးပွားလာသလို ကော်ဖီထဲတွင် ပါဝင်သော နို့၊
သကြား စသည်တို့သည်လည်း ကယ်လိုရီမြင့်သော ပစ္စည်းများ ဖြစ်လေရာ
အချို့သူများကတော့ ကော်ဖီသောက်လေ ၀လေ ဖြစ်တတ်သည်ကိုလည်း တွေ့ရသည်။
(၉) ကော်ဖီကို လွန်ကဲစွာ သောက်လျှင် အထူးသဖြင့် အိပ်ချိန်နှင့် အနည်းဆုံး
လေးငါးနာရီမခြားဘဲ သောက်လျှင် အိပ်၍ တော်တော်နှင့် မပျော်ခြင်း
ဖြစ်တတ်သည်။ ကော်ဖီစွဲသူများကတော့ ၄င်းတို့က ခံနိုင်ရည်ရှိကာ
အိပ်၍ပျော်ကြောင်း ပြောဆိုလေ့ရှိသော်လည်း တကယ်တမ်းတော့ ၄င်းတို့
အိပ်ပျော်နေစဉ် ဦးနှောက်ကအိပ်ပျော်နေစဉ် ရှိရမည့် ပုံမှန်အနေအထားထက်
နိုးကြားနေ၍ ပြည့်ပြည့်၀၀ အိပ်ရေးဝခြင်း မရှိကြောင်း လေ့လာမှုများ အရ
သိရသည်။ ထိုဖြစ်ရပ်သည် အိပ်ချိန်နည်းသူများတွင် ပို၍ သိသာပြီး
အိပ်ရေးမ၀သောဒဏ်ကို ရက်အတန်ကြာအထိ ခံရလေ့ရှိကြောင်းပါ တွေ့ရှိရသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.