Pages

Saturday, November 12, 2011

တစ်နေ့မှာ မြွေနှစ်ကောင် မျက်နှာချင်းဆိုင်မိကြတယ်။ မြွေငယ်က မြွေကြီးကို မေးတယ်။

"ကိုကြီး.. ကိုကြီး... ကျွန်တော်တို့ ကိုယ်ပေါ်မှာ အဆိပ်ရှိလား!"

"မင်း.. မေးစရာမရှိ လျှောက်မေးနေတာ ဘာလို့လဲ?"

"ခုနားက ကျွန်တော်သတိမထားမိဘဲ ကိုယ့်လျှာကိုယ် ကိုက်လိုက်မိလို့ပါ ကိုကြီး"



သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။

"အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း!
မင်းကွာ... ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!"



ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင်
ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက
ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက်
အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး
တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့
ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး


ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

"မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း
စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊
လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား"

"သိပါတယ်၊ ဗိုလ်ချုပ်ကြီး"

No comments:

Post a Comment

Note: Only a member of this blog may post a comment.