မေး။ ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့
ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။
ဖြေ။ ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊
ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး
ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့
ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊
မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။
ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို
ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်
ပဲလို့ ဟောတယ်။
သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ ကရုဏာရှင်လည်း မှန်တယ်။
ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင်
ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူေ တွဖြစ်အောင် မဖန်ဆင်းသင့်ဘူး
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ
ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက
ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ
ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊
စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။
(၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
(၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊
သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
(၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
(၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို
ဝမ်းမြောက်သူများ အခြွေရံ များပါသည်။
(၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
(၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊
ရိုသေသူများ အမျိုးမြတ်ပါသည်။
(၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ
ညဏ်ထိုင်းပါသည်။
ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက
အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ
ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ
အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကို ပါပဲ။ အက်ယ္ခဲ့်ျပီး ထပ္ဆင့္သိသင့္တာက -
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင်
ဗုဒ္ဓ၀ါဒ။
ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင်
ဗြဟ္မဏ၀ါဒ။အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊
အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူ ဆမှ ဗုဒ္ဓ၀ါဒ။ လက်ယပ်ခေါ်တဲ့
အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့် စိုက်ထားလို့ ၊
ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ေ ခ်ါအဆောင်ကပ်ပြား)ရှိလို့
ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊
မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။
ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင်
ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က
မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။
ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။
ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု
မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုး ကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။
ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုး ပးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက
ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့  ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က
ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ ယူဆမှ ဗုဒ္ဓ၀ါဒ။ အသုဘယာဉ်ကို
ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာ
ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုင်တယ်၊
ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊
ရွာကိုမခိုင် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။
အလောင်းကိုင်တာချင်းတူပါလျက် သဘရာဇာကို
အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည့် သူကို သားမက်ဖမ်းခြင်းသည် ဗြဟ္မဏ၀ါဒ။
အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။
ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို
ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ် ဆင်) ဘုရားကို
ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။
ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှ င် ဗုဒ္ဓ၏သပ္ပါယ်သော
ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင်
ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။
မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလု ပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော
အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာေ ရာက်သည်ဟု တွေးခေါ်မြော်မြင်ပြီး
ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ
ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။
လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။
စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ
နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။
အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။
ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။
အဆင်သည့်အချိန်တွင်ပြောင်းကောင်းသည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့်
အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင်
ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင်
ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့်
အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ် ဖြတ်ခဲ့သောအကုသိုလ်ကြောင့် အသက်တိုသည် ဟု
ယူဆလျှင်
ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။
ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။
--------------------------
နှလုံးသားဝယ် ဘုရားတည်
ရေမြေတောတောင်၊ လျှိုမြောင်အကြား
ပြုတည်ထားသည့်၊ ရုပ်ပွားတစ်လီ
စေတီပုထိုး၊ အမျိုးအမျိုးကား
ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်
ပျောက်ကွယ်ခဏ ၊ ပျက်စီးရ၏။
နှလုံးသားတွင်၊ ဌာပနာသွင်း၍
မယွင်းတည်ထား၊ မြတ်ဘုရားကား
မြတ်တရားကာ ၊ မြတ်သံဃာကား
ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်
ပျောက်ကွယ်မရှိ၊ တည်တံ့ဘိ၏
(တိပိဋကဓရ ယောဆရာတော်)
ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။
ဖြေ။ ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊
ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး
ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့
ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊
မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။
ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို
ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်
သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊
ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင်
ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူေ
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ
ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက
ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ
ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊
စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။
(၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
(၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊
သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
(၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
(၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို
ဝမ်းမြောက်သူများ အခြွေရံ များပါသည်။
(၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
(၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊
ရိုသေသူများ အမျိုးမြတ်ပါသည်။
(၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ
ညဏ်ထိုင်းပါသည်။
ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက
အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ
ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ
အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကို
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင်
ဗုဒ္ဓ၀ါဒ။
ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင်
ဗြဟ္မဏ၀ါဒ။အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊
အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူ
အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်
ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ေ
ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊
မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။
ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင်
ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က
မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။
ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။
ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု
မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုး
ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုး
စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက
ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို
ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့
ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာ
ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုင်တယ်၊
ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊
ရွာကိုမခိုင် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။
အလောင်းကိုင်တာချင်းတူပါလျက် သဘရာဇာကို
အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည်
အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။
ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို
ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်
ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။
ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှ
ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင်
ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။
မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလု
အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာေ
ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ
ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။
လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။
စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ
နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။
အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။
ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။
အဆင်သည့်အချိန်တွင်ပြောင်းကောင်
လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့်
အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိ
ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင်
ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့်
အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ်
ယူဆလျှင်
ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။
ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။
--------------------------
နှလုံးသားဝယ် ဘုရားတည်
ရေမြေတောတောင်၊ လျှိုမြောင်အကြား
ပြုတည်ထားသည့်၊ ရုပ်ပွားတစ်လီ
စေတီပုထိုး၊ အမျိုးအမျိုးကား
ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်
ပျောက်ကွယ်ခဏ ၊ ပျက်စီးရ၏။
နှလုံးသားတွင်၊ ဌာပနာသွင်း၍
မယွင်းတည်ထား၊ မြတ်ဘုရားကား
မြတ်တရားကာ ၊ မြတ်သံဃာကား
ဘေးဆိုးအန္တရယ်၊ အသွယ်သွယ်ကြောင့်
ပျောက်ကွယ်မရှိ၊ တည်တံ့ဘိ၏
(တိပိဋကဓရ ယောဆရာတော်)
No comments:
Post a Comment
Note: Only a member of this blog may post a comment.