Pages

Saturday, November 12, 2011

အလွမ်းတွေကြောင်. တိမ်ညိုတွေ မိုးဖြစ်စေ
အခုတော.လည်း အလွမ်းတွေ မစဲနိုင်ခဲ.တဲ.ငါ။

မိုးစက်တွေကြောင်. သစ်ပင်တွေ စိမ်းလန်းစေ
အလွမ်းတွေကြောင်. ချစ်သူ ငါကို သနားစေ။

အလွမ်းမိုးစက်တွေကြောင်. အချစ်သစ်ပင် ရှင်သန်စေ
အကြင်နာမိုးတွေ ကြောင်. ချစ်သူပျော်ရွင်စေ။
ကောင်ကင်က မိုးစက်တွေ ကြွေချသလို
ငါအချစ်တွေက အကြင်နာတွေ မင်းပါးပြင်ကို ဆင်းသက်ပါရစေ။
ရိုမိရို နဲ. ဂျုလီယက်ကို  အံသြခဲ.တဲ.ငါ
အခုတော.လည်း မအံသြတဲ.ငါ။

အထီကျန်းည နဲ. သာမန်ညတွေကို မခွဲခြားနိုင်တော.တဲ.ငါ
အတည်တကျဖြစ်လာတဲ့
ခပ်လျော့လျော့ အထီးကျန်ညတွေထဲက ငါ။

မမုန်းပါရစေနဲ. ကို ချစ်တာက မင်းဖြစ်နေလို.
မပြိုလဲပါရစေနဲ. ကိုရပ်တည်မှုက မင်းဖြစ်နေလို.
ဒီအလွမ်းမြစ်ကို ဖြတ်ကျော်ခွင်.ပေးပါ တဘက်ကမ်းမှာ မင်းရှိနေလို.
မအိပ်ရပါစေနဲ. မင်းအကြောင်းတွေ လွမ်းအိမ်မက်မက်လို.
အဆုံးသတ်ခွင်.ပေးပါ မင်းအတွက်  ကို အကောင်းပကတိရှိနေချင်လို.
ကိုရင်ခုန်သံကို နားထောင်ပေးပါ မင်းကို ချစ်တယ် ပြောနေလို.
ကြင်နာခွင်.ပေးပါ ကို အကြင်နာတွေ မင်းအတွက် ဖြစ်နေလို.
အချစ်သစ်ပင်ကို ရှင်သန်ခွင်.ပေးပါ အလွမ်းမိုးတွေ သဲနေလို.
မင်းအနားမှာ နေခွင်ပေးပါ မင်းရဲ. နွေးထွေးမှုတွေ လိုအပ်နေလို.
ဒီဘ၀ကို ရှင်သန်ခွင်.ပေးပါ မင်းနဲ.အတူဖြတ်သန်းချင်လို.
ကိုကို ရပ်နားခွင်ပေးပါ မင်းရင်ခုန်သံကို ကြားယောင်ချင်လို. ချစ်သူ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.