Pages

Saturday, November 12, 2011

လရောင် ပုန်းတဲ. ည
ကြယ်တွေနဲ. ခြယ်တဲ.ကောင်းကင်ရဲ.ည
ကောင်ကင်မပြို တိမ်တွေမငိုတဲ. ည
အိပ်မက်တွေ ခမ်းခြောက်နေတဲ. ည
အထီးကျန်ဝတ်ရုံနဲ.မဟူရာ ည
မျှော်လင်.ခြင်း သစ်ပင်တွေ CO2  ထုတ်တဲ. ည
ဒေ၀ီနတ်သမီး ဘုံကြိုးမပြတ်တဲ. ည

အဲဒီညမှာ ကို နေတယ်။



အာဒမ်နဲ. အေ၀ ငိုလောက်တဲ.ပုံပြင်တွေ ငုံထားတဲ. နှလုံးသား
thwe ပုံရိပ်တွေ နဲ. ပန်ချီးကားဖြစ်နေတဲ. နှလုံးသား
ချစ်ခြင်းရင်ခုန်သံတွေ သယ်ဆောင်ထားတဲ. နှလုံးသား
နာကျင်ခြင်းဝတ်စုံနဲ. မလုံမလဲ ဖြစ်နေတဲ. နှလုံးသား
ကြင်နာခြင်း သံစဉ်တွေ မျိုချထားတဲ. နှလုံးသား
I love thwe ကလွဲရင် ဘာသာမပြန်နိုင်တဲ. နှလုံးသား
အလွမ်းတွေကို ထမ်းပိုးထားတဲ. နှလုံးသား
အမုန်းလောင်စာ မပါပဲ ခုန်းမောင်းနေတဲ.နှလုံးသား

အဲဒီနှလုံးသားမှာ မင်း နေတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.