အရေးကြီးတယ်
တပ်ကြပ်ကြီးက ရဲဘော်များကို ပြောသည်။
“အခု တာဝန်ဟာ အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်တယ်၊
အလွန်လည်း အန္တရာယ်များတယ်၊ ဒါကြောင့် ငါ့ဆီက ပိုက်ဆံမချေး
ထားတဲ့ ရဲဘော်သုံးယောက် ရှေ့ကို တစ်လှမ်းတိုး” :D
။ဈေးများပိုပေါမလားလို့
အရက်ဘားထဲသို့ စကောတလန်သားတစ်ယောက်ရောက်လာပြီး ဘားမှစားပွဲထိုးကို မေးသည်။
“ကော့ညက်တစ်ခွက် ဘယ်လောက်လဲ”
“ဘားမှာ ထိုင်ပြီးသောက်ရင် နှစ်ဖရန့်၊ ရပ်ပြီးသောက်ရင်တော့ တစ်ဖရန့်ခွဲပဲ ကျပါတယ်”
“ခြေတစ်ချောင်းပဲ ထောက်ပြီးသောက်ရင်ကော” :D ..
တာဝန်ကျေတဲ့သားတွေ
မိမိသေလျှင် ပင်လယ်ထဲမြှုပ်ရန် ချူချာအဖိုးကြီး မှာခဲ့သည်။
ပင်လယ်ထဲတွင် အဖေ့အတွက် တွင်းတူးရင်း သားနှစ်ယောက်စလုံး
ရေနှစ်သေဆုံးသွားသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.