မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ
ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါ
တယ်။’’
‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။
ဆရာဝန် … “ခင်ဗျား ဒီဆေးကို အစာစားပြီးတိုင်း
လက်ဖက်ရည်ဇွန်းနဲ့ လေးဇွန်းသောက်ရမယ်”
လူနာ … “ဟာ…..ဒါဆိုရင်တော့ ဒုက္ခပဲဆရာ။
ကျွန်တော်တို့ တစ်အိမ်လုံးမှာ လက်ဖက်ရည်ဇွန်း
နှစ်ချောင်းပဲရှိတယ်”
လူတစ်ယောက်သည် မျက်စိ အထူးကုဆေးခန်းသို့ သွားကာ
သူ့မျက်စိကို အစစ်ဆေးခံ၏။ မျက်စိဆရာဝန်က ထိုလူကို ထိုင်ခိုင်းပြီး
မျက်စိမြင်နိုင်အားကို စမ်းသပ်သည့် ကဒ်ပြားလေးကို ထောင်ပြ၏။
“ဒီကဒ်ပြားပေါ်က စာတွေကို ဖတ်လို့ရလား” ဟု ဆရာဝန်က မေးသည်။
“မရဘူး ဆရာ” ဟု ထိုလူက ဖြေ၏။
ဆရာဝန်က ရှေ့ကိုတိုးပြီး…
“ အခုဖတ်လို့ ရပြီလား” ဟု ဆို၏။
“မရဘူး ဆရာ”
ဆရာဝန်က ကဒ်ပြားကို ထိုလူနှင့် အနီးဆုံးနေရာသို့ ယူလာပြီး…
“ဒီလောက် နီးနေရင်တော့ ဒီစာတွေကို ခင်ဗျားကောင်းကောင်း ဖတ်လို့ရမှာ
သေချာတယ်” ဟုဆို၏။
ထိုလူက… “မရဘူး ဆရာ၊ ကျွန်တော်က စာမှ မတတ်တာ” ဟု ဆိုလေ၏။

No comments:
Post a Comment
Note: Only a member of this blog may post a comment.