Pages

Saturday, November 12, 2011

ကွဲနေတဲ. အသဲနှစ်ခုကြားမှာ
အိပ်မက်ကို တံတားခင်ပီ
မျှော်လင်.ခြင်းကို လမ်းလျှောက်စေခဲ.တယ်။

တန်ချိန်ပိုတဲ.မျှော်လင်.ချက်ြေ
ကာင်.
အိပ်မက်တံတား ကျိုးပြတ်ခဲ.တယ်။

အဲဒီအိပ်မက် အပိုင်းအစတွေထဲမှာ -

မာသာထရီဇာ နှလုံး၊ snow white ရဲ. အသားအရေ
Cinderella ရဲ.စိတ်ထားဖြူစင်မှု၊ အမရာဒေ၀ီရဲ. သစ္စာရှိမှု
သမ္ဘူလ နဲ.မဒ္ဒီရဲ. သေတူရှင်မကွာ စိတ်ဓာတ်၊ ကိန္ဒရီရဲ. အလွမ်းတွေကို
ပိုင်ဆိုင်ထားတဲ. ချစ်သူတစ်ယောက်ရှိတယ်။

မာယာမဲ. ပုံပြင်တွေကို ရေးဖွဲ.နေတဲ.
မာနမဲ.တဲ. ချစ်သူတစ်ယောက်ရှိတယ်။

နာကျင်ခြင်း၊ အထီကျန်ခြင်း၊ အလွမ်းဆွေးခြင်း အမှိုက်တွေကို
အကြင်နာရေနဲ. ဆေးကြောပေးမဲ. ချစ်သူတစ်ယောက်ရှိတယ်။

ကိုကိုယ်. Joker အဖြင်.စတေးပီ
မာနကို တံတားသစ်ခင်းပေမဲ. ကိုယ် ကို
စာနာနားလည်ပေးမဲ. ချစ်သူတစ်ယောက်ရှိတယ်။

အသုံးမကျတဲ.အကျင်.တွေ
ဆုံးရှုံးစေတဲ. အမှားတွေ ကို
သင်္ဂြုဟ်ပီ ရက်လည်ခဲ.တဲ.ကိုယ် ကို
လက်ခံပေးမဲ. ချစ်သူတစ်ယောက်ရှိတယ်။

လွယ်တဲငှက်ပျောသီးကို အခွံမနွာပဲ
ခက်ခဲတဲ. ကြက်သွန်နီကို အခွံနွာပီ
မျက်ဝန်းစိုခဲ.တဲ.ကိုယ် ကို
သနားပေးမဲ. ချစ်သူတစ်ယောက်ရှိတယ်။

ချစ်သူ banned ထားတဲ. နှလုံးအိမ် website ကို
ပိုင်ဆိုင်လိုခြင်း proxy နဲ. ကျော်ဝင်ရင်
နာလည်လက်ခံပေးမဲ. ချစ်သူတစ်ယောက်ရှိတယ်။


                         ( my own bridge)


ခွဲခွာခြင်း ဆိုတာ နာကျင်ခြင်း microbe တွေ
မွေးနေတဲ.Lab ခန်းတစ်ခုပါ။

 အဲဒီlab ခန်းမှာ ကိုယ် ကို လက်ခံပေးပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.