တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီး
သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ
မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို
ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော
ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ်
ပွဲကြီး စတင်ပါမည်ခင်ဗျား
မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား
ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ်
ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏။ အမတ်ကြီးက
ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ
ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်းပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု
မူးမတ်များကို မေးသည်။ တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ
သွားသည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း
ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်း လေ၏။ ပရိတ်သတ်ကြီးလည်း အသက်ပင် မရှုနိုင်ပဲ
သည်းထိတ်ရင်ဖိုစွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည်
ဖောင်တော်ဆီသို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက
အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား
ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေးကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး
သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျား“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ
ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် ကောင်..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။
( သတိထားရမှာက )
စက်ရုံတွေဆိုတာ ပင်ကိုအားဖြင့်ကိုက အန္တရာယ်ရှိတဲ့နေရာတွေ ဖြစ်တယ်-ဆိုတဲ့အဆိုကို
ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါဒေသမှာရှိတဲ့ စက်ရုံတရုံရဲ့
သတိပေးဆိုင်းဘုတ်တခုက ထောက်ခံနေပါတယ်၊ ထိုသတိပေးဆိုင်းဘုတ်တွင်
အောက်ပါအတိုင်း သတိပေးထားပါသည်-
အမျိုးသမီးငယ်များသို့ သတိပေးချက်-
အကယ်၍ သင်သည် ချောင်ချိရော့ရဲသော အ၀တ်များကို ၀တ်ဆင်ထားပါက စက်ရုံထဲတွင်
ငြိပါမသွားစေရန် စက်ပစ္စည်းကိရိယာများကို ဂရုပြုသတိထားပါ၊
အကယ်၍ သင်သည် တင်းကျပ်သောအ၀တ်များကို ၀တ်ဆင်ထားပါက စက်ပြင်ဆရာများကို သတိထားပါ။
သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ
မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို
ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော
ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ်
မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား
ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ်
ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏။ အမတ်ကြီးက
ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ
ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်းပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု
မူးမတ်များကို မေးသည်။ တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ
သွားသည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း
ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်း
သည်းထိတ်ရင်ဖိုစွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည်
ဖောင်တော်ဆီသို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက
အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား
ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေးကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး
သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျား“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ
ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် ကောင်..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။
( သတိထားရမှာက )
စက်ရုံတွေဆိုတာ ပင်ကိုအားဖြင့်ကိုက အန္တရာယ်ရှိတဲ့နေရာတွေ ဖြစ်တယ်-ဆိုတဲ့အဆိုကို
ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါဒေသမှာရှိတဲ့ စက်ရုံတရုံရဲ့
သတိပေးဆိုင်းဘုတ်တခုက ထောက်ခံနေပါတယ်၊ ထိုသတိပေးဆိုင်းဘုတ်တွင်
အောက်ပါအတိုင်း သတိပေးထားပါသည်-
အမျိုးသမီးငယ်များသို့ သတိပေးချက်-
အကယ်၍ သင်သည် ချောင်ချိရော့ရဲသော အ၀တ်များကို ၀တ်ဆင်ထားပါက စက်ရုံထဲတွင်
ငြိပါမသွားစေရန် စက်ပစ္စည်းကိရိယာများကို ဂရုပြုသတိထားပါ၊
အကယ်၍ သင်သည် တင်းကျပ်သောအ၀တ်များကို ၀တ်ဆင်ထားပါက စက်ပြင်ဆရာများကို သတိထားပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.