7. ဆိုင်လန်
ဆိုင်လန်(Ts'ai Lun)(အေဒီ ၁၀၅ ၀န်းကျင်)သည် တရုတ်လူမျိုး မိန်းမစိုး တစ်ဦးဖြစ်သည်။စက္ကူကို
စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုသည်။သူတီထွင်သည့် စက္ကူကြောင့်
ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၄င်းကိုမူ
လူသိမများလှပေ။မည်သည့်အချိန်၊ဒေသတွင် မွေးဖွားသည်၊ကွယ်လွန်သည်ကို
လည်းမသိရပေ။
ရှေးကလူတို့သည် စက္ကူမပေါ်မှီက တိရိစ္ဆာန်တို့၏ အရိုးများ၊သစ်ခေါက်များ၊လိပ်ခွံများ နှင့် ၀ါးခြမ်းပြားများပေါ်တွင်
စာပေကိုရေးမှတ်ဆောင်ယူသွားလာကြရရာမှ စက္ကူတီထွင်ပေါ်ပေါက်လာသည့်အတွက်
များစွာပင်အဆင်ပြောလာပြီး အသိပညာ၊စာပေဗဟုသုတ တို့ကိုလည်း
လွယ်ကူစွာပြန့်ပွားအောင်ဆောင်ရွက်နိုင်လာသည်။ထို့ကြောင့် စက္ကူကျေးဇူးမှာ
မသေးလှဟုဆိုရမည်။ရှေးအီဂျစ်လူမျိုးတို့က ပက်ပီရပ်စ် (papyrus)ကျူပင်မှ
တဆင့် စက္ကူကြမ်းအဆင့်ကို ထုတ်ယူသုံးစွဲနိုင်သော်လည်း
များစွာစရိတ်များသည်ကြောင့် မတွင်ကျယ်လှပေ။
တရုတ်သမိုင်းမှတ်တမ်းများအရ အေဒီ ၁၀၅ နှစ် တရုတ်ဟန်မင်းဆက်လက်ထက် ဧကရာဇ် ဟွန်တိလက်ထက်
မိန်းမစိုးဖြစ်သူ ဆိုင်လန်က စက္ကူကို တီထွင်သည်
ဟုသိရှိရသည်။ထိုတီထွင်မှုကြောင့် ရာထူးတိုးကာ
ဘွဲ့ထူးဂုဏ်ထူးချီးမြှောက်ခံရပြီး ချမ်းသာသူတစ်ဦးဖြစ်လာခဲ့သည်။သို့သော်
နန်းတွင်းလုပ်ကြံမှု တစ်ခုတွင်ပါဝင်သည့်အပြစ်ဖြင့် ရာထူးချ မထင်မရှား
တိမ်မြှပ်ပျောက်ကွယ်ရရှာသည်။သို့သော် အချို့သော မှတ်တမ်းများအရ
ဂုဏ်သိက္ခာအတွက် ရေချိုး၊အ၀တ်ကောင်းဝတ်ပြီး အဆိပ်သောက်သေသည် ဟုလည်းဆိုသည်။
သို့ဖြင့် စက္ကူမှာ အရေးကြီး၊ထိပ်တန်း တရုတ်နိုင်ငံတွင်းဖြစ်
ကုန်ပစ္စည်းအမည်တစ်မျိုးအနေဖြင့် ပြည်ပသို့ရောင်းချခြင်း စတင်လာတော့သည်။အစက
တရုတ်နန်းတွင်းက တိုက်ရိုက်ချုပ်ကိုင်ပြီး ပြုလုပ်နည်းကို အများမသိနိုင်ရန်
လျှို့ဝှက်ထိန်းချုပ်ခဲ့သည်။သို့သော် ၇၅၁ တွင်စက္ကူပြုလုပ်သည့်
တရုတ်အချို့ကို အာရပ်တို့ဖမ်းမိသဖြင့်
အာရပ်တို့လည်းစက္ကူလုပ်နည်းရရှိသွားခဲ့သည်။မကြာမှီပင် ဘက္ကဒက်မြို့
မှစက္ကူများဈေးကွက်စ၀င်သည်။ အာရပ်များထံမှ ထိုပညာကို ဥရောပသားတို့
ရရှိသည်မှာမူ ၁၂ရာစုရောက်မှဖြစ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.