3. သခင်ယေရှု
ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော် ဖြင့် အပျိုကညာ မယ်တော်မာရီ ၀မ်းတွင် သန္ဓေတည်စေပြီး လူအဖြစ် ကြွလာခဲ့သည်။ ဘီစီ ၆ (သို့မဟုတ်) ဘီစီ ၅ တွင် ယုဒပြည် ဗက်လင်မြို့၌ နွားစားခွက်တွင် နှိမ့်ချစွာဖြင့် မွေးဖွားခဲ့သည်။ အသက် ၃၀ အရွယ်တွင် ကယ်တင်ခြင်းတရားများကို ဟောကြားပြီး အနာရောဂါပျောက်ခြင်၊ နတ်ဆိုးများကို နှင်ထုတ်ပြခြင်း၊ သေသူကိုပင် ပြန်လည်ရှင်စေခြင်း စသည့် နမိတ်လက္ခဏာ များစွာကို ပြခဲ့သည်။ တရားဒေသနာများစွာ ပုံပမာများဖြင့် ဟောကြားခဲ့သည်။ ၃နှစ် ကယ်တင်ခြင်း၊ ချစ်ခြင်းမေတ္တာ တရားများကို ဟောကြားခဲ့ပြီးနောက် ကျမ်းစာနှင့်အညီ ဂျေရုဆလင်မြို့ တွင် အေဒီ ၃၀ တွင် ကားတိုင် တင်၍ သတ်ခြင်းကို ခံခဲ့ရသည်။
သေဆုံးပြီးနောက် ကျမ်းစာအတိုင်း ၃ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ တပည့်တော်များကို တစ္ဆေသရဲ ၊ ဖုတ်ကောင် မဟုတ်ကြောင်း အတူစားသောက်ခြင်း၊ ကိုင်တွယ်စမ်းသပ်ခွင့်ပေးခြင်း၊ စသဖြင့် ရက်ပေါင်း၄၀ ထင်ရှားပြခဲ့ပြီးနောက် ကောင်းကင်ဘုံသို့ တပည့်တော်များရှေ့တွင် ကောင်းကင်ဘုံသို့ တက်သွားခဲ့သည်။
သခင်ယေရှု ဟောကြားခဲ့သော တရားဒေသနာများကို တမန်တော်များက ခရစ်ဝင်ကျမ်းများအဖြစ် ရေးသားခဲ့ကြပြီး ဓမ္မသစ်ကျမ်းအဖြစ် သမ္မာကျမ်းကို ပြည့်စုံစေခဲ့သည်။ ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသည်များကို ပြည့်စုံစေရန် ကြွလာခြင်းဖြစ်သည်။
သခင်ယေရှု ကို ယုံကြည်သောသူများကို ခရစ်ယာန်များဟုခေါ်ပြီး၊ ယုံကြည်သူ ခရစ်ယာန်ဘာသာ ၀င်များသည် သေလွန်သော် ထာဝရအသက် (ကောင်းကင်နိုင်ငံတော်) သို့ရောက်မည်ဖြစ်ပြီး၊ ယခုဘ၀တွင်လည်း အပြစ်လွှတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ကာကွယ်စောင့်ရှောက်ခြင်း များကို ခံစားရမည်ဖြစ်သည်။
သခင်ယေရှုကို ဂျူးဘာသာဝင်များက ဘုရားသခင်အဖြစ် လက်မခံကြပါ။ မွတ်ဆလင်ဘာသာ ၀င်များက သခင်ယေရှုကို တမန်တော်တဦးအဖြစ် လက်ခံကြသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.