Pages

Friday, January 6, 2012


ကျွန်တော် တို.တတွေ အရမ်းကြိုးစားခဲ.တယ်။
ဒါပေမဲ. ပျင်းရိမှုတွေ တခါတခါ ၀င်လာခဲ.တယ်။

ကျွန်တော် တို.တတွေ ကောင်းမွန်တဲ.စိတ်ထားတွေထားနိုင်ခဲ.တယ်။
ဒါပေမဲ. စိတ်ဆိုးစိတ်ညစ်တွေ တခါတခါ ၀င်လာခဲ.တယ်။

ကျွန်တော် တို.တတွေ ကိုယ်ကို၊ စိတ်ကို လုံခြုံအောင် နေခဲ.ကြတယ်။
ဒါပေမဲ. ထွက်ပေါက်တွေကို တခါတခါ ကိုဘာသာရှာခဲ.တယ်။

ကျွန်တော် တို.တတွေ အမြဲတမ်း ကိုယ်ကို လူဆိုးတစ်ယောက်လို. သတ်မှတ်ခဲ.တယ်။
ဒါပေမဲ. တခါတခါ ကောင်းမွန်တဲ.အရာတွေကို လုပ်ဆောင် စိတ်ထားခဲ.တယ်။

ဓမ္မသည် မကောင်းမှုများကိုလျော.ကျစေသည်.ထို.ကြောင်.ဓမ္မ အား ဆည်းကပ်ပါ၏။
ထို.ကြောင်.ကျွန်ုပ်၏ မကောင်းမှုများကို ဖြည်းဖြည်းချင်းလျော.နည်းခွင်.ပြုပါ။
ထို.ကြောင်. ကျွန်ုပ် သည် မကောင်းသောစိတ်ဆိုးစိတ်ညစ်များမှ ကင်းဝေးအောင် ဓမ္မအားဆည်းကပ်ပါ၏။
အသင်သည် အမြဲတမ်း ကောင်းသောစိတ်ထားများရှိမည်ဆိုလျှင် လေးစားပါသည်။ ဒါမှမဟုတ် မကောင်းသောစိတ်ထားများ နည်းနည်းရှိလျှင်လဲ လေးစားပါ၏။ သို.သော် 100% ကောင်းမွန်ရိုသားသူအား တွေ.နိုင်မည်ဟု ကျွန်ုပ် မထင်ပါ။ မကောင်းမှု လို.အထမြောက်သွားသောလုပ်ရပ်အား သင်ရှုပ်ချမည်လော ။ဒါမှမဟုတ် မကောင်းမှုတွေရှိသော စိတ်ထားအား သိုလှောင်ထားရှိခြင်အားရှုတ်ချမည်လော။ဒါမှမဟုတ် မကောင်းသော စိတ်ထားများအားတွန်လှန်နေသူုအားရှုတ်ချမည်လော။ ဓမ္မသည် ထိုသူတို.အတွက် အရမ်းလိုအပ်သည်ဟုပြောမည်ဆိုလျှင် သင်လက်ခံမည်လော။ ထိုသူတို.သည် ဓမ္မအားကျင်.ကြံနေလျှင် သင် သည် အားပေးမည်လော။ ဒါမှမဟုတ် အသံကောင်းဟစ်သည်ဟု သင်သိလျှင် ထင်မည်လော။ သင်၏စိတ်အားသင်မေးပါလော။

( အသင်သည် 100% ကောင်းမွန်တဲ.သူကိုရှာနေလျှင် သင်တွေ.မည်ဆိုလျှင် ကျေးဇူးပြုလို. လမ်းပြပါ)

အနိုင်မခံ


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။










Sunday, December 25, 2011

အမျိုးသမီးများ တစ်နေ့လျင် ကော်ဖီ ၄ ခွက်သောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်
နှစ်ပေါင်းများစွာကြာအောင် နေ့စဉ် ကော်ဖီ(၄)ခွက်ထက် ပိုသောက်ခဲ့သော အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၂၅) ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း Epidemiologyဆေးပညာ ဂျာနယ်က ဖော်ပြခဲ့


အမျိုးသမီးများ တစ်နေ့လျင် ကော်ဖီ ၄ ခွက်သောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်

တစ်နေ့လျင် ကော်ဖီ(၄)ခွက်မျှ ပုံမှန်သောက်ခြင်းသည် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ကောင်း ဖြစ်စေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကော်ဖီများများ နေ့စဉ်သောက်ခြင်းသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျသွားစေကြောင်း သုတေသီများက ဆိုသည်။

နှစ်ပေါင်းများစွာကြာအောင် နေ့စဉ် ကော်ဖီ(၄)ခွက်ထက် ပိုသောက်ခဲ့သော အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၂၅) ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း Epidemiologyဆေးပညာ ဂျာနယ်က ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းက ပြုလုပ်သော ယခုစစ်တမ်း ရလဒ်သည် ကဖိန်းဓာတ်နှင့် သားအိမ်ကင်ဆာကြား ဆက်စပ်မှုကို ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

(၂၆)နှစ်ကြာ သုတေသနပြုမှုအတွင်း အဆိုပါ ကင်ဆာနှင့် ဆက်စပ်နေသော အမျိုးသမီး (၆၇၂)ဦး၏ နေထိုင်မှု ဓလေ့သဘာဝများနှင့် အခြားသော ရောဂါကင်းစင်သူ အမျိုးသမီးများကို နှိုင်းယှဉ် လေ့လာခဲ့သည်။ ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ အက်ဒွပ်ဂျီအိုဗန်နုဆီက “ကော်ဖီဟာ ဆီးချိုရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်တဲ့ သဘာဝမျိုး ရှိတဲ့အကြောင်း ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပြီးပါပြီ။ ဒါဟာ သူ့ရဲ့ အင်ဆူလင်ဓာတ်အပေါ် သက်ရောက်နိုင်မှုကြောင့်ပါ။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ကော်ဖီမှာပါတဲ့ Antioxidantပမာဏဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ရှိနေတာထက်တောင် ပိုပါသေးတယ်”ဟု ပြောကြားသွားခဲ့သည်။

Source: DailyMail

Friday, December 9, 2011


How to Increase Your Energy Levels Naturally


Everyday I hear the same complaints from the same people about how tired they are, how stressed they are etc. with no solution in sight! The key is to correct the situation versus standing idle and accepting it.

Forget about the energy drinks or pills. Learn to increase your energy naturally, and have a healthy steady supply to get you through each day. By adjusting your personal eating, sleeping and exercise habits, you can boost your energy the natural way and settle into a self-sustaining rhythm.

Essential Water – Keep your body hydrated throughout the day. The first sign of dehydration is fatigue. Your body can’t function at capacity without that good old H2O. A steady supply of water will naturally keep things flowing–including your energy.

Improve Sleeping Habits – Often a small adjustment of your sleeping habits can already do wonders for your energy levels.

    * Lying in bed is not sleeping: Don’t go to bed if your not sleepy and end up lying in bed pondering and stressing.  If you are drifting off at the computer, while reading, or watching TV, it’s time to get to bed. Your bedtime should and will vary from night to night. Let your body tell you when to sleep as opposed to the following the 8-hour rule.
    * Rise and Shine: Put an alarm and get up at the same time everyday.
    * Sleepy at Noon?: Try a powernap of 20 minutes in a quiet place.

Experiment and find out what your optimal sleep levels are.

Yoga, Exercising & Stretching – It sounds counter-intuitive, perhaps, but by expending energy on a regular basis, you will actually give yourself more of it in the end. The key is to set up a fairly regular schedule–about three times a week–and push to the point that you feel refreshed, not exhausted. Don’t overdo it. It may take a couple of weeks to get into the natural rhythm, so have patience and higher energy levels will follow.

Deep breathing exercise – Another great way to re-energize your body is with a quick deep breathing exercise. Sit on a chair with a straight back and breathe deeply while you focus on your breath going in – going out. At the same time use a powerful affirmation to invigorate your mind and body.

Eliminate Energy-Sappers From Your Diet – Have more alkaline-forming foods like fruits and vegetables. Avoid excess sugar and coffee as they lead to lower blood sugar levels–and less energy–after they give you an initial kick. Also one could pack some almonds and nuts for a quick and convenient protein snack.

Tuesday, November 22, 2011

"ကြိုးစားအားထုတ်နေသရွေ့ သင်မရှုံး ၊ လက်မြှောက်နောက်ဆုတ်သွားပြီဆိုလျှင်ကား သင်လုံးဝရှုံးလေပြီ။"

"သင်တတ်နိုင်မည်ထင်မလား ၊ မတတ်နိုင်ဘူးထင်သလား...? မည်သို့ ထင်သည်ဖြစ်စေ သင့်အထင်မှန်ပါလိမ့်မည်။"

"သင့်အာရုံထဲတွင်မြင်ယောင်မှန်ဆ၍ ရမည်၊ ဖြစ်ရမည်ဟုလည်း ယုံကြည်မည်ဆိုလျှင် ထမြောက်အောင်မြင်မှာ မုချဖြစ်သည်။" (နပိုလီယန်ဟေးလ်)

"ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နှင့်၊ ကြောက်စိတ်ဖြင့်လည်းရှေ့ ရေးမတွေးတောနှင့်၊ ပညာသတိဖြင့်သာ ၀န်းကျင်ကိုရှုမြင်ပါ။"
(ဂျိမ်းစ်သာဗာ)

"ကြီးမားသည့်အဆီးအတားဟူသည် သင့်မျက်စိကိုပန်းတိုင်မှ လွှဲဖယ်လိုက်မိစဉ် မြင်ရတတ်သည့် ကြောက်မက်ဖွယ်ရာ တို့ ကိုဆိုပေသည်။"
(ဟန်နရီဖို့ ဒ်)

   


အတွေ့ အကြုံဆိုတာ
အရက်စက် အကြမ်းကြုတ်ဆုံး
ဆရာပဲ၊
ဒါပေမယ့် အဲဒီက သင်ခန်းစာယူစမ်းပါ၊
ယူဖြစ်အောင် ယူပါ။
[စီအက်(စ်)လူးဝစ်]


ဓနထက်

သီလကို

ဦးစားပေးပါ။
[အေမော့(စ်) လောရင့်(စ)]


လိမ်လည်ပြီး အောင်မြင်ခြင်းထက်

သိက္ခာရှိရှိ ရှုံးနိမ့်ရခြင်းက

သာ၍မြတ်၏။
[ဆောဖောကလိ(စ)]


စကားလုံး တစ်ထောင်ထက်
ဆောင်ရွက်မှုတစ်ခုက
ပို၍အရာထင်သည်။
[ဟင်းနရစ် အစ်(ဘ)ဆင်]


ကိုယ်ကျင့်တရားနှင့် ပက်သက်လာလျှင်
စာတွေ့ ထက်
ကိုယ်တွေ့ သင်ခန်းစာများသာ
အစွဲမြဲဆုံးဖြစ်သည်။
[မတ်တွိန်း]


သည်ကနေ့ ထက်
ပို၍ အဖိုးတန်သောအရာ မရှိပါ။
[Goethe]


ခွင့်လွှတ်ခြင်းဟူသည်
မေတ္တာ၏
အမြင့်မားဆုံး
အသွင်သဏ္ဌန်တစ်ရပ်ဖြစ်သည်။
ကျတော်သိသင့်သမျှ အရာအားလုံး သူငယ်တန်းထည်းက သင်ယူခဲ့ပြိးပါပြီ

   
ဖေမြင့်
ဘ၀မှာ ဘယ်လိုနေမည်၊ ဘာတွေလုပ် မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေ နှင့် ပတ်သက်၍ ကျွန်တော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာ ကတည်းကပင် ကျွန်တော်သင်ယူခဲ့ရပြီး ဖြစ်သည်။ အသိဥာဏ် အမြော်အမြင် ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည်မဟုတ်၊ မူကြိုကျောင်းက ကလေးကစားသည့် သဲကျင်းလေးထဲမှာ ပင်ရှိနေပါသည်။

အဲသည်မှာ ကျွန်တော်သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။

ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။

မတရား မလုပ်ရ။

သူတစ်ပါးကို မရိုက်ရ။

ပစ္စည်းတစ်ခု ယူကိုင်ပြီးလျှင် မူလနေရာမှ ပြန်ထားရမည်။

ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။

ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။

ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။

အစာမစားမီ လက်ဆေးရမည်။

အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။

ကွတ်ကီ(ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှကောင်းသည်။

ဘ၀ကို မျှတစုံလင်စွာ နေထိုင်ရမည်။

စာနည်းနည်းဖတ်ရမည်။

ဦးနှောက်က နည်းနည်းစဉ်းစားရမည်။

ပုံဆွဲရမည်၊ ဆေးခြည်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊ အားလုံးနည်းနည်းစီ နေ့စဉ်လုပ်ရမည်။

ပြီးတော့………….

နေ့လယ်ခင်းမှာ တစ်ရေးအိပ်ရမည်။

အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။

လောကကြီးထဲက အံသြစရာတွေကို ကြည့်တတ်မြင်တတ်ရမည်။ ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းဖြစ်သည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သည်သစ်စေ့လေးအတိုင်း အံ့သြစရာ။

ပြီး... ရွှေငါးလေးတွေ၊ ဟမ္မစတာ ကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေအပြင် စောစောက ပြောခဲ့သည့် ပလတ်စတစ်ခွက်ထဲက သစ်စေ့လေးသည်ပင် တစ်နေ့မှာ သေဆုံးရမည်။ ကျွန်တော်တို့သည်လည်း ထိုနည်းလည်းကောင်း……..။

အဲသည်နောက် ဒစ်(ခ)(ကောင်းလေး)နှင့် ဂျိန်း (ကောင်မလေး) ပါသည့် ဖတ်စာအုပ်အကြောင်း ပြန်ပြောင်း တွေးကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။

Look ကြည့်ပါ .. တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။ တစ်နေရာရာမှ ပါသည်။ ကိုယ်ချင်းစာတရားပါသည်။

ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှုပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ် ရပ်တည်နေပုံကို ပြသည့် ecology သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစ်စွန်းတစ်စ ရိပ်စားမိရသ်ည်။ အသိဥာဏ်ရှိစွာ အသက်ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူပေးထားသည်။

စဉ်းစားကြည့်ပါ။

ကမ္ဘာပေါ်မှာ ရှိသည့် ကျွန်တော်တို့ လူသားတွေအားလုံးသာ နေ့လယ် ၃ နာရီမှာ ကွတ်တီ ပူပူစား ၊ နွားနို့ ပူပူလေးသောက်ကာ စောင်လေး ကိုယ်စီခြုံပြီး တစ်ရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး သခုထက် မည်မျှ ပို၍ အေးချမ်းသွားပါမည်နည်း။

သို့တည်းမဟုတ် ကျွန်တော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလ တွေ့ခဲ့သည့် နေရာမှာ ကိုယ်ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည် ဆိုလျှင်ကော သည်ကမ္ဘာကြီး ဘယ်လောက်သာယာလှပသွားမည်နည်း။

ပြီး…….စဉ်စားကြည့်ပါ။ သင်တို့ ကျွန်ုပ်တို့ အသက်အရွယ် ဘယ်မျှ ရှိသည်ဆိုစေ အပြင်လောက ကမ္ဘာထဲထွက်သည့် အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှပျော်ရွှင် ချမ်းမြေ့စရာ ဖြစ်သွားပါ မည်နည်း……………။

Sunday, November 20, 2011


 ( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )


ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။
သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။

ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။

ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန် ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။

သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။

( ကျင့်သုံးမှုနှင့် သတိတရား )
ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။

ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။

( ကျင့်ကြံမှုနှင့် အမှန်တရား )
ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
( ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ )
ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။

အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။

( ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ )
ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။

ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။

( ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ )
ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။
တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။

( လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ )
ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။

ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။

( ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း )
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။

( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။

ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
သီတဂူ ဆရာတော်
( မြတ်မင်္ဂလာ ၁၉၉၉-ခု မေလ )
Buddhism is not Religion (ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )) by Sitagu Sayadaw Ashin Nyanissara (သီတဂူ ဆရာတော်)